Daw Kyawt Kyawt Khaing
Lecturer (HRM Subjects)

လုပ်ရည်ကိုင်ရည် (Performance) နှင့် အလုပ်ရှင်နှင့် ဝန်ထမ်းအကြား Mutual Trust
ကျမတို့နေထိုင်ရာ ကမ္ဘာကြီးဟာ ခေတ်မီမှုတွေကြားမှာ တစ်နေ့တစ်ခြား တိုးတက်ပြောင်းလဲနေပါတယ် စက်ကိရိယာတွေကြားမှာ တစ်နေ့တစ်ခြားတိုးတက်ပြောင်းလဲတိုးတက်နေသလို အစားအသောက် အဝတ်အထည် အသုံးအဆောင် အသွင်အပြင်တွေပါပြောင်းလဲလာပါတယ်။
ဒါကြောင့် ခေတ်မီလာတာနဲ့အမျှ အတွေးအခေါ် ဉာဏ်ပညာတွေလည်းပြောင်းလဲလာပြီဖြစ်သောကြောင့် ခေတ်မီသော အတွေးအခေါ် ၊ ဉာဏ်ရည်ဉာဏ်သွေးရှိဖို့နဲ့ လုပ်ဆောင်ချက်ကောင်းတွေရှိတဲ့ လူတွေ အများကြီးလိုပါတယ်။ ဒါမှသာကောင်းမွန်တဲ့ အကျိုးရလဒ်ရမှာဖြစ်ပါတယ်။
ဒီနေ့လုပ်ငန်းရှင်တော်တော်များများနဲ့ သူတို့ရဲ့ဝန်ထမ်းကြားမှာ လုပ်ရည်ကိုင်ရည် လုပ်ငန်းစွမ်းဆောငိရည်ကို လေ့လာစောင့်ကြည့်သုံးသပ်တဲ့အခါမှာကျေနပ်မှုတွေရှိလားမေးရင်ထင်သလောက်အားရကျေနပ်မှုမရှိကြပါဘူး။ တစ်ချို့ဝန်ထမ်းတွေကလည်းအလုပ်ရှင်ပေါ်မှာကျေနပ်အားရမှု ရှိလားဆိုရင် မရှိကြပါဘူး ။ထိုသို့ဖြစ်ရခြင်းအဓိကအကြောင်းရင်းက "အပြန်အလှန်ယုံကြည်မှု" ဆိုတဲ့ "Mutual Trust" ကြောင့်ဖြစ်ပါတယ် ။
သူဌေးအမြင်ကတော့ ဝန်ထမ်းကို အလုပ်စဝင်တဲ့အချိန်ကနေစပြီး အလုပ်ထွက်တဲ့အချိန်ထိ ထိုဝန်ထမ်းရဲ့ ပြောင်းလဲတိုးတက်မှု လိုအပ်မှုတွေကို လေ့လာအကဲခတ်ကြတာဟာ Management ရဲ့ သဘောတရားပါပဲ။ ဒီလိုအချိန်မှာဝန်ထမ်းဟာ အလုပ်စဝင်တဲ့အချိန်ကနေ စပြီး လုပ်သက်လေးရလာတဲ့အခါမှာ ပြောင်းလဲလာတာလေးတွေ ရှိတဲ့အခါ (တိုးတက်ဖို့ရယ်၊ လိုအပ်ချက်ရယ်တွေရယ် ဂုဏ်ပြုစကားစတာတွေကို ပြောပြတတ်ကြတယ်။ ထို့အပြင် သတိပေးစကားတွေပြောတတ်ကြပါတယ်။ ရာထူးတိုး၊ လစာတိုးမှုနဲ့ လစာမတိုး ရာထူးမတိုးမှုတွေလည်း ဖြစ်လာတတ်ကြပါတယ်)
အလုပ်သမားတွေ အမြင်ကတော့ ဥပမာ - လစာဖြတ်ခြင်း ၊ အချိန်ပိုလုပ်တဲ့အခါမှာ အချိန်ပိုကြေးမပေးခြင်း စတာတွေပေါ်မှာ မကျေနပ်မှုတွေ၊ အားငယ်မှုတွေနဲ့ အလုပ်မှာထားသင့်တဲ့ Ability တွေကျလာကြတယ်။
#အထက်ဖော်ပြပါအချက် (၂) ချက်မှ (Employer & Employee) တွေကို မြင်တွေ့ရတာ အများဆုံးကတော့ မိသားစု လုပ်ငန်းစုတွေမှာတွေ့ရတာများပါတယ်။ ခေတ်မီတိုးတက်လာတာနှင့်အမျှ လုပ်ငန်းသဘာဝနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ များလာတာကြောင့် အလုပ်ရှင်နဲ့ ဝန်ထမ်းတွေဟာလည်း ပြောင်းလဲရမှာပါ။#
ဒါကြောင့် အောက်ပါအချက်တွေနဲ့ ဝန်ထမ်းတွေအတွက် "Performance Analyzing" လုပ်သင့်ပါတယ်
- Ability
- Appraisal Design
- Motivate
- Opportunity
- Incentive
- Review
- Key Result Areas
- Key Performance Indication
- Weight of KPI's
- Target
- Score
- Feedback
စတာတွေကို သေချာစွာလုပ်ဆောင်နိုင်မှကောင်းမွန်တဲ့ Business, Organization တွေဖြစ်လာမှာပါလို့ အကြံပြုရင်း....
အလုပ်ရှင်နှင့်ဝန်ထမ်း အားလုံးကို အဆင်ပြေအောင်မြင်ပျော်ရွှင်စေလိုသော ဆန္ဒဖြင့်