Blogs

WELCOME TO BEST CHOICE!
"Best Choice ... for your successful life"
Daw Hanni Thaw

(Founder & CEO of Best Choice Professional Training)

The History of Accounting (စာရင်းကိုင်ပညာ၏ သမိုင်းကြောင်း)

Accountancy ပညာရပ်ဟာ 14th Century လောက်က Italy မှာ စတင်ပေါ်ပေါက်ခဲ့တာပါ။ ဒါကြောင့် စာရင်းပညာရဲ့သက်တမ်းဟာ နှစ်ပေါင်း (၅၂၃နှစ်) ရှိနေပါပြီ။စာရင်းပညာရဲ့အခြေခံအစ Double-entry Bookkeeping နဲ့ Dr/Cr, Journals, Ledgers စတာတွေဟာ1494 ခုနှစ်မှာ စတင် ပေါ်ပေါက်လာခဲ့ပြီး ပထမဆုံး တီထွင်ခဲ့သူကတော့ Luca Pacioli လို့ခေါ်တဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်..

16th Century လောက်မှာတော့ Accounting Knowledge တွေပိုမိုကျယ်ပြန့်လာပြီး ခေတ်မှီတဲ့ Modern Accounting နည်းပညာတွေကို Arabic, Roman စတာတွေမှာ စတင်အသုံးပြုလာကြပါတယ်။ 19th Century မှာတော့ Europe and America မှာ Modern Accounting ကို အစပျိုးမှုတွေရှိလာခဲ့တယ်။

1854 ခုနှစ်မှာတော့ ခေတ်မီတဲ့ တရား၀င်စာရင်းဆိုင်ရာ အသက်မွေး ၀မ်းကြောင်းပညာအဖွဲ့ Scotland မှာ ပေါ်ထွက်လာခဲ့ပါတယ်။ Victoria ဘုရင်မရဲ့ ခွင့်ပြုချက်နဲ့ Institute of Accountants ကို Glasgow မြို့မှာ တည်ထောင်ခွင့်ရခဲ့ပြီး The profession of chartered accountant (CA) အရည်ချင်းပြည့်မှီသော တော်၀င် စာရင်းကိုင်များကို မွေးထုတ်ပေးခဲ့ပါတယ်။

1887 မှာတော့ အမေရိကန်နိုင်ငံတွင်လည်း စာရင်းပညာရပ်များ တရား၀င် ကျယ်ပြန့်လာပြီးစာရင်းကိုင်(၃၁) ယောက်ကိုပေါင်းစည်းပြီးပထမဆုံး U.S နိုင်ငံဆိုင်ရာ စာရင်းအဖွဲ့အစည်း (The American Association of Public Accountants) ကို စတင်တည်ထောင်နိုင်ခဲ့ပါတယ်။ စံချိန်စံနှုန်းနဲ့ ကိုက်ညီတဲ့ စာရင်းကိုင်တွေကိုရွေးချယ်ပြီး1896 ခုနှစ်မှာ ပထမဆုံး CPA လိုင်စင်တွေကို ပေးအပ်ခဲ့တယ်။ စာရင်းပညာရပ်ဆိုင်ရာ စည်းမျဉ်းများအတွက် ယခင်က GAAP system ကိုကျင့်သုံးခဲ့ပေမယ့် နောက်ပိုင်းမှာ Global Economy လို့ခေါ်တဲ့ ကမ္ဘာနဲ့ ရင်ဘောင်တန်းပြီး ခေတ်မှီဖွံ့ဖြိုးတိုးတက်လာတဲ့ စီးပွားရေးအခြေနေတွေကြောင့် လက်ရှိမှာတော့ International Financial Reporting Standards (IFRS) system ကိုပြောင်းလဲကျင့်သုံး နေရပြီဖြစ်ပါတယ်။

ဒါလေးကတော့ စာရင်းကိုင်ပညာရဲ့သမိုင်းကြောင်းလေးကို လွယ်ကူရိုးရှင်း တဲ့ပုံစံလေးနဲ့ ရေးသားဖော်ပြပေးလိုက်တာဖြစ်ပါတယ်ရှင်။

#Accounting ပညာရပ်ဖြင့် အသက်မွေး၀မ်းကြောင်းပြုသူအားလုံးအတွက် ဗဟုသုတရရှိစေရန်ရည်ရွယ်ပါသည်။