Blogs

WELCOME TO BEST CHOICE!
"Best Choice ... for your successful life"
ဒေါ်ဟန်နီသော်

(Founder & CEO of Best Choice Professional Training)

ကျောင်းစာသင်ခန်းထဲမှ မော်နီတာနှင့်တူသော HR Manager များ

အလုပ်ထဲမှာ တချို့သော HR Manager တွေရဲ့ အလုပ်လုပ်ပုံက အံ့သြစရာပါဘဲ..

ငယ်ငယ်တုန်းက စာသင်ကျောင်းတွေမှာ ဆရာမက မော်နီတာလုပ်ခိုင်းတာကိုခံရတဲ့ ခလေးကြီးတွေကျနေတာဘဲ... ဆရာမ ပြန်လာရင်ကို ဟိုကျောင်းသား ဒီကျောင်းသူက ဘာလုပ် ညာလုပ် အကုန် ပြန်တိုင်ပြီး သူကဆရာကြီးလိုလို စိတ်ဝင် ဘဝင်လေဟပ်ပြီး ကျေနပ်ပျော်ရွှင်နေတာမျိုးလေး...

ရှိသမျှ ဝန်ထမ်းတွေ ဘာအပြစ်လုပ်လဲ လိုက်ကြည့်ပြီး သူဌေးအခန်းထဲ ဝင်ဝင်တိုင်တာ... ပြီးရင် ငါကွ HR Manager ပေါ့.. အမယ်... ဘဝင်လေဟပ်ပြီး ကျေနပ်နေတာ..

ကြည့်လဲလုပ်ကြပါအုံး... ကိုယ့်အနေအထားက အလုပ်ခွင်က HR Manager လား.. ကျောင်းခန်းထဲက ဆရာမ မြှောက်ပေးတိုင်း အတိုင်အတောထူတဲ့ ခလေးဗိုလ်ကြီးတွေလားလို့

အမြင်မတော်လို့ ပြောမိပြန်ပြီ စိတ်မဆိုးကြေးနော် HR ပညာနဲ့အလုပ်လုပ်သူတိုင်းဟာ ကိုယ်တိုင်က HR Resource ဖြစ်နေရဲ့လားလို့ သေချာစမ်းစစ်ပြီး Professional ဆန်တဲ့ HR ပညာကျွမ်းကျင်သူတွေဖြစ်ဖို့ ကြိုးစား ပြုမူနေထိုင်သင့်လှပါတယ်...

အပြစ်တွေလိုက်ကြည့်ပြီး သူဌေးကိုပြန်တိုင် ဖို့ဘဲလုပ်တတ်တာက HR Professional တစ်ယောက်ရဲ့ အရည်အချင်းမဟုတ်ပါဘူး..

ဝန်ထမ်းတွေ အပြစ်မလုပ်မိအောင် လိုအပ်တဲ့ စည်းမျဉ်းစည်းကမ်းမူဘောင်တွေ ချမှတ်ပေးခြင်း ချမှတ်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာချင်အောင် စိတ်ဓာတ်အရည်အသွေးတိုးမြှင့်ပေးခြင်း စည်းကမ်းစနစ်နဲ့ နေတတ်ခြင်းရဲ့ တန်ဖိုးကို သိရှိနားလည်အောင် အသိပေးဖို့နဲ့အတူ စည်းကမ်းစနစ်နဲ့ နေကျင့်ရှိအောင် ကျင့်သားရအောင် လေ့ကျင့်ပျိုးထောင်ပေးခြင်း ဆုပေး ဒဏ်ပေးစနစ်လေးတွေ ကျင့်သုံးပေးခြင်း စတဲ့ HR ပညာရှုထောင့်အရ သီအိုရီနည်းစနစ်တွေအရ မှန်ကန်တဲ့လုပ်ရပ်တွေကို မလုပ်ချင်ဘဲ မလုပ်တတ်ဘဲ နာမည်ခံ HR Manager တွေသာ လုပ်ပြီး သွေးနားထင်ရောက်နေရင်တော့ ကိုယ့်နောက်ကွယ်မှာ လေးစားအားကျဖွယ်ရာ လူမဟုတ်ကြောင်း ပြစ်တင်ကဲ့ရဲ့သံများသာ ညံနေမှာဖြစ်ပါတယ်... လစာရရုံ ရာထူးရှိရုံနဲ့ တန်ဖိုးရှိတဲ့လူ သိက္ခာရှိတဲ့လူ ဖြစ်ပြီလို့ မထင်ကြပါနဲ့...

ကိုယ့်လက်အောက်က ဝန်ထမ်းတွေထဲမှာ ကိုယ့်ထက် ပိုသိ ပိုတတ် အသိဉာဏ်ပညာပိုရှိတဲ့ တွေးခေါ် ဝေဖန်ပိုင်းခြားနိုင်စွမ်း မြင့်မားတဲ့ လူတွေရှိနေနိုင်တာကို သတိထားကြည့်ပါ..

အသိသတိနဲ့ ယှဉ်ပြီး တကယ့်ပညာတတ် လူကြီးလူကောင်း ဆန်ဆန်အလုပ်လုပ်တတ်ဖို့ ကိုယ့်ကိုယ်ကိုလဲ အမြဲတန်း ပြန်စမ်းစစ်တတ်ဖို့ လိုပါမယ်ဆိုတဲ့အကြောင်း စေတနာစကားနဲ့ အကြံပြုပေးလိုပါတယ်....

HR ပညာနဲ့အလုပ်သူများကို HR ပညာစစ်စစ်နဲ့ တကယ်လုပ်နိုင်စွမ်းရှိသူ ဦးဆောင်သူကောင်းများ ပန်းပျိုးလက်ပိုင်ရှင်များ ဖြစ်စေချင်သော စေတနာဖြင့် ရေးသားအပ်ပါသည်