Blogs

WELCOME TO BEST CHOICE!
"Best Choice ... for your successful life"
Daw Hanni Thaw

(Founder & CEO of Best Choice Professional Training)

အလုပ်ရှင်ကို အလုပ်ချိန်အတွင်း အတင်းပြောခြင်း ရှောင်ကျဉ်ပါ

ဝန်ထမ်းလုပ်နေရင် သိထားရမယ့် အချက်တစ်ခုရှိပါတယ် အလုပ်ရှင် မန်နေဂျာတွေကို မကျေနပ်ရင် အကျိုးအကြောင်းကို ရဲဝံ့စွာတိုက်ရိုက် ပြောပါ Complain တက်ပါ မိမိ အတွေးအမြင် အယူအဆ မိမိ လိုအပ်မှု လိုချင်မှုတွေ သို့မဟုတ် အဖြစ်ပျက်အမှန် အခြေအနေမှန်တွေကို ရဲရဲဝံ့ဝံ့ပြောဆိုပါ

သီးမခံနိုင်တဲ့အထိ ဖြစ်ခဲ့ရင် ထိုအလုပ်ဟာ ကိုယ့်အတွက်အဆင်မပြေတော့တာ သေချာရင် ထိုအလုပ်ကို သွားဖို့ဝန်လေးနေပြီဆိုရင် အလုပ်ထွက်ဖို့ ဆုံးဖြတ်ချင် ဆုံးဖြတ်လိုက်ပါ လုပ်ဖော်ကိုင်ဖက်အချင်းချင်း အလုပ်ရှင်မကောင်းကြောင်း မန်နေဂျာ မကောင်းကြောင်း လုပ်ငန်းချိန်မှာ ရင်ဖွင့်သလိုလို အတင်းတုပ်သလိုလို မလုပ်ပါနဲ့ ..CCTV မရှိလည်း နံရံတိုင်းမှာ နားရှိပါတယ် CCTV လည်းရှိနိုင်ပါတယ် CCTV မှာ အသံပါဖမ်းထားရင် ပိုဆိုးပါတယ် ပြသနာက မီးတောက်ကြီးလိုဖြစ်တတ်ပါတယ် အလုပ်ရှင်တိုင်းက သူ့အလုပ်ချိန်မှာ သူ့အလုပ်ကို လုပ်ဖို့ လစာပေးထါးတာပါသူ့အတင်းတုပ်ဖို့ သူမကောင်းကြောင်း ဝိုင်းဖွဲ့ပြောဖို့ ဘယ်ဝန်ထမ်းကိုမှ လစာပေး မခေါ်ထားဘူးဆိုတာ နားလည်နိုင်ကြပါစေ

အကယ်လို့ အလုပ်ရှင် နှင့် မန်နေဂျာများသည် သင်၏ စကားသံများအတွင်း သီးမခံနိုင်ဖွယ်ရာ စကားလုံးများဖြင့် သူတို့အပေါ် ပြောဆိုထားသည်များ ကို ပြန်ကြားနေရသော အခါ သင့်ကို မည်သို့အရေးယူမည်ဟု ထင်သနည်း မျက်နှာချင်းဆိုင်ပြောရဲသူသည် ရဲရင့်သူအဖြစ် ဂုဏ်တက်နိုင်သေးသည် နောက်ကွယ်မှာ မကောင်းပြောတတ်သူကိုမူ အတင်းအဖျင်းပြောသူ နောက်ကွယ်က လက်သီးပုန်းထိုးသူ သူရဲဘောကြောင်သူ ပါးစပ်ဖွာသူ နှုတ်စည်းမစောင့်သူဟုသာ သတ်မှတ်ခံရပြီး ကိုယ့်သိပ်ခါ ကိုယ်ချတာနှင့် တူသည် ကိုယ် မှန်နေရင်တောင် အမှားဖြစ်သွားတတ်သည် လူတိုင်းဟာ သူ့နောက်ကွယ်မှာ ပြောသောစကား သူ့အပေါ်ဝေဖန်ချက်များကို မနှစ်သက်တတ် အတင်းအဖျင်းစကားဟုသာ သတ်မှတ်သည် ဟုတ်မဟုတ် သိချင်ရင် တခြားလူတယောက် သင့်အကြောင်းကို သင့်နောက်ကွယ်မှာ မကောင်းပြောဆိုသည်ကို သင်ကြိုက်နှစ်သက်သလားဆိုတာ တွေးကြည့်ရင်အဖြေပေါ်ပါသည်

ထိုကြောင့် အလုပ်ထဲမှာ ပိုင်ရှင်နှင့် မန်နေဂျာများကို အလုပ်ချိန်အတွင်း ဝန်ထမ်းအချင်းချင်း ရင်ဖွင့်ဖို့လည်းမလို အတင်းတုပ်ဖို့လည်းမလိုပါ..

သတ္တိရှိရင် တိုက်ရိုက်ပြောကြပါ ကိုယ့်ပညာ ကိုယ့်လုပ်ရပ် ကိုယ့်အကျင့်စာရိတ္တ ကိုယ့်ဘက်က အကုန် ကောင်းမွန် မှန်ကန်နေရင် ဘယ်သူ့ကိုမှ မကြောက်တမ်းတိုက်ရိုက်ပြောလိုက်ပါ ဒါဟာ သင့်အတွက် ပိုသိပ်ခါရှိတယ် ပိုအကျိုးရှိပါတယ် နှုတ်စည်းမရှိ ပါးစပ်ဖွာသူ အတင်းအဖျင်းပြောတတ်သူ ဝန်ထမ်းဆိုး ဝန်ထမ်းညံ့ တယောက်အဖြစ် တန်ဖိုးလျော့ခံရပြီး အလုပ်ထုတ်ပယ် ခံရတာထက်စာရင်ပေါ့ အရာရာကို ပညာဉာဏ်နဲ့ ဆင်ခြင်လုပ်ကိုင်နိုင်ကြပါစေ CCTV မှာ သူ့အကြောင်းအတင်းပြောထားသည်ကို သိရကြားရတဲ့ ပိုင်ရှင်တစ်ဦး၏ ရင်ဖွင့်စကားကို အခြေပြုရျ် ကျ်စာကို ရေးဖြစ်ခဲ့ပါသည်

လူသားအားလုံးကို အောင်မြင်ပျော်ရွှင်စေချင်သော ဆန္ဒများဖြင့်....