Blogs

WELCOME TO BEST CHOICE!
"Best Choice ... for your successful life"
Daw Hanni Thaw

(Founder & CEO of Best Choice Professional Training)

Hotel Accounting

Hotel Accounting ပိုင်းကို ၀င်ရောက်လုပ်ကိုင်လိုသူတိုင်းဟာ Hotel တစ်ခုလုံးရဲ့ Organization Structure ကိုသိထားဖို့လိုအပ်ပြီး အဲဒီ Structure အရဖွဲ့စည်းထားတဲ့ Sale Outlet များကို သိထားရမှာဖြစ်ပါတယ်။

Sale Outlet တွေရဲ့ Forms system and Procedures တွေကို နားလည်သဘောပေါက်ထားဖို့လိုပါမယ်…

Hotel Accountant လုပ်တော့မယ်ဆိုရင် သိထားသင့်သော စာရင်းအမျိုးအစားများမှာ အောက်ပါ အတိုင်းဖြစ်ပါတယ်...

  1. Revenue နဲ့ Income ကိုခွဲခြားသိဖို့လိုပါတယ်
  2. Type of Income ကို သိဖို့လိုပါတယ်
  3. Type of Expense ကို သိဖို့လိုပါတယ်
  4. Balance Sheet ကို သိဖို့လိုပါတယ်
  5. Departmental Profit and Loss Account ကို သိဖို့လိုပါတယ်
  6. Financial Position ကို သိဖို့လိုပါတယ်
  7. Budgeting and Forecasting ကို သိဖို့လိုပါတယ်
  8. Ratio Analysis ကို သိဖို့လိုပါတယ်
  9. Financial Control and Cost Control ပိုင်းတွေကို သိဖို့လိုပါတယ်

အထက်ပါ စာရင်းများအပြင် Sale Outlet တွေမှာ ပြုစုထားတဲ့ အခြေခံစာရင်းဇယား များကို Forms system and Procedures အတွေကို အရင်သိထားဖို့လိုအပ်ပါတယ်…

Hotel တစ်ခုမှာ Accountant ကောင်းတစ်ယောက်အနေနဲ့ လုပ်ချင်ရင် Financial Control System နဲ့ Cost Control System တွေကို အထူးနားလည်ထားဖို့လိုအပ်ပါမယ်…

Hotel လုပ်ငန်းများအတွက် စာရင်းစနစ်ကို American Hotel and Motel Association ကနေပေါက်ပွားလာတဲ့ Uniform Accounting System ကို တကမ္ဘာလုံးက Hotel တွေမှာ သုံးစွဲနေတာဖြစ်ပါတယ်…

Hotel Accountant တစ်ယောက်လုပ်တော့မယ်ဆိုရင် ပထမဆုံးသိထားရမှာက Revenue & Income ဖြစ်ပါတယ်။

Revenue ဆိုတာက နေ့တနေ့စာအတွက်ပဲ ပါ၀င်နေတဲ့ ၀င်ငွေစာရင်းဖြစ်ပြီး Income ဆိုတာကတော့ မနေ့ကရရန်ရှိတဲ့ Receivable တွေရော ဒီနေ့အတွက် ရတဲ့ Receipt တွေရော မနက်ဖန်အတွက် ကြိုတင်ရတဲ့ Deposit တို့ Advance တို့ပါ၀င်တဲ့ ၀င်ငွေကို ခေါ်တာပါ။


#Income of the Hotel

-Hotel တခုမှာ ၀င်ငွေအမျိုးအစား အများကြီးရှိပြီး အဓိက အပိုင်း (၃)ပိုင်းကို သိထားရပါမယ်…

(1).Room Income, (2). F&B Dept Income, (3). MOD လို့ခေါ်တဲ့ (Mineral Operating Dept;) Income တို့ဖြစ်ပြီး MOD Dept; ထဲမှာပါ၀င်တာတွေကတော့ Hotel အကြီးအသေးအလိုက် အများကြီးရှိနိုင်ပြီး နမူနာအားဖြင့် Souvenir Shop, Beauty Spa, Laundry Income, Massage Income, and Karaoke Room Income…စတဲ့၀န်ဆောင်မှုပေးတဲ့ အပိုင်းမှ ရရှိလာမယ့် Income များဆိုပြီး ရှိပါမယ်….

များသောအားဖြင့် ရှိတတ်သော Income အမျိုးအစားတွေမှာ အောက်ပါအတိုင်းဖြစ်ပါတယ်

  1. Room Income
  2. Food Income
  3. Beverage Income
  4. Bar Income and Minibar Income
  5. Laundry Income
  6. Souvenir Shop Income
  7. Catering Service Income
  8. Swimming Pool Income
  9. Beauty Parlor Income
  10. Karaoke Room Income
  11. Massage Income
  12. Snooker Billiard Income
  13. Mini-golf Income
  14. Business Centre Income

စသဖြင့် ဟော်တယ်အဆင့်ကိုလိုက်ပြီး အများကြီးရှိနိုင်ပါလိမ့်မယ်..


#Expense of the Hotel

Hotel ရဲ့ Expense တွေကို Capital Expense နဲ့ Current Expense (Operate-Expense) ဆိုပြီး အုပ်စုခွဲကြည့်ရမှာပါ…

Capital Expense တွေထဲမှာ များသောအားဖြင့် ပါ၀င်တတ်တဲ့ Expense အမျိုးစားတွေကတော့

  • Land
  • Building
  • Furniture and Fixture
  • Electrical Equipment
  • Glassware
  • Uniform စသည်တို့ ပါ၀င်တတ်ပါတယ်

Current Expense တွေထဲမှာ များသောအားဖြင့် ပါ၀င်တတ်တဲ့ Expense အမျိုးစားတွေကတော့

  • Payroll
  • Employee Benefit
  • Room Expense
  • Food & Beverage Expense
  • Property Operation Expense
  • Fixed Expense (charges)
  • General Expense တို့ဖြစ်ပါတယ်..

Payroll & Employees Benefit တွေကတော့ ၀န်ထမ်းတွေနဲ့သက်ဆိုင်တဲ့စရိတ်တွေဆိုတာ အားလုံး သိပြီးသားမို့ အထူးမဖော်ပြပေမယ့် ဌာနအလိုက် ၀န်ထမ်းတွေကို အသေးစိတ်ခွဲရမှာဖြစ်ပါတယ်…

ဆိုလိုတာက Room နဲ့ဆိုင်တဲ့ ၀န်ထမ်း၊ F & B နဲ့ဆိုင်တဲ့ ၀န်ထမ်း စသဖြင့်အသေးစိတ်ခွဲရမှာဖြစ်ပြီးသူတို့အတွက် လစာနဲ့ ခံစားခွင့်များ ယူနီဖောင်းစရိတ်များကို အသေးစိတ်ခွဲရပါမယ်…

#Room Expense ထဲမှာ ပါ၀င်တာတွေကို အထူးတလည်ဖော်ပြပေးပါမယ်

  • China, Glassware and Linen
  • Commission Expense
  • Contract Cleaning Expense
  • Laundry and Dry Cleaning Expense
  • Guest Supplies Expense
  • Cleaning Supplies Expense
  • Reservation Expense
  • Uniforms Expense
  • Miscellaneous Expense တို့ပါ၀င်ကြပါမယ်…

#Food and Beverage Expense မှာပါ၀င်မယ့် အမျိုးအစားတွေကိုလည်းထပ်မံဖော်ပြပါပေးပါမယ်

  • Cost of food purchase
  • Cost of gas and oil
  • Cost of other merchandise for resale တွေပါပါမယ်

#Property Operation Expense တွေထဲမှာ ပါ၀င်တာတွေကတော့

  • Electricity Expense
  • Fuel Expense
  • Operating Supplies Expense
  • Miscellaneous Expense
  • Repairs and Maintenance
  • Water Expense တွေပါ၀င်ပါတယ်

#Fixed Expense (Charges) အမျိုးအစားတွေကတော့

  • Amortization Exp
  • Depreciation Exp
  • Fire Insurance Exp
  • Interest on Loan
  • Interest on Mortgages
  • Property Tax
  • Real Estate Tax
  • Rental Expense စသည်တို့ပါ၀င်သည်

#General Expense ခေါင်းစဉ်အောက်မှာ ပါ၀င်တဲ့ Exp အမျိုးအစားတွေကတော့

  • Franchise Fees
  • Audit Firms and Lawyers တွေကိုပေးရတဲ့ Professional Fees
  • General Insurance Exp
  • Printing, Stationery and Postage Expense
  • Guest, Personal and Property ကုန္က်တဲ့ Security Exp
  • Telephone and other Communication Fees
  • Travelling Exp
  • Loss on Sale of Property
  • Miscellaneous Exp စသည်တို့ ပါ၀င်ပါတယ်…

Hotel တွင် P&L ရေးဆွဲတဲ့အခါ Department တခုချင်းစီရဲ့ P&L ကိုအရင်ရေးဆွဲရပါတယ် ..

Departmental Profit & Loss Account လို့ခေါ်ပါတယ်။၀င်ငွေရှာနိုင်တဲ့ ဌာန အားလုံးရဲ့ P &L ကို ဌာနတခုချင်းစီဆွဲရတာဖြစ်ပါတယ်။ အဓိက ၀င်ငွေပေါ်မှာ Cost of Sale ဖြစ်ပေါ်စေတဲ့ သက်ဆိုင်ရာ Direct Cost တွေအပြင် Other Expensesများ၊သက်ဆိုင်ရာဌာနရဲ့၀န်ထမ်းလစာ၊၀န်ထမ်းခံစားခွင့်၊ ယူနီဖောင်းအတွက် ကုန်ကျစရိတ်ကအစ ဌာနအလိုက်ရှိသော သက်ဆိုင်သည့် Fixed Assets များရဲ့ Deprecation ကအစ အကုန်ထည့်တွက်ပြီး Dept;အလိုက် P&L ကိုထုတ်ရပါတယ်။ပြီးမှ ၀င်ငွေရအောင် ပံ့ပိုးကူညီရတဲ့ ၀င်ငွေမရတဲ့ဌာနတွေအတွက် စရိတ်တွေကို ထပ်နှုတ်ပြီး Hotel တခုလုံးရဲ့ Total P&L ကိုရေးဆွဲရပါမယ်…

Department အားလုံးရဲ့ P&L များကို တဆင့်ရေးဆွဲပြီးမှ Income Statement အချောသတ်ရေးဆွဲသည့်အခါ စာရင်းအားလုံးပြန်ပေါင်းသည့် Consolidated Profit & Loss Account ကိုရေးဆွဲရပါတယ်…


Hotel တခုမှာ ဧည့်သည်စ၀င်တာနဲ့ မှတ်တမ်းထားရမယ့် အရေးကြီး ကဏ္ဍတခုကတော့ Bill ဖြစ်ပါတယ်။ငွေမရမချင်း ဧည့်သည် တစ်ဦးချင်းစီကတက်လာတဲ့ Bill တွေကို Sr.No အလိုက် Up to Date ဖြစ်အောင် စာရင်းသွင်း File ဖွဲ့သိမ်းပြီး Receivable ကို update ဖြစ်အောင်ဖော်ထားရပါမယ်… ဒါမှ ဧည့်သည် Check out လုပ်ပြီး ငွေရှင်းချိန်မှာ ရရန်ရှိငွေများ အကုန်တောင်းခံထားနိုင်မှာဖြစ်ပါတယ်။ Bill များကို ငွေတကယ်ရမှ Cash Receipt Vr. ဖွင့်ပြီး ပိတ်သိမ်းရပါမယ်။

Bill တွေကို သူ့ဌာနနဲ့သူ သပ်သပ်စီ ခေါင်းစဉ်တွေပေးပြီး ခွဲထားရမယ်။ဥပမာ Rest Bill, Bar Bill, Laundry Bill စသဖြင့်ပေါ့..Hotel တွေရဲ့ တနေ့တာ စာရင်းတွေကို ည ၁၂ နာရီမှာ ပိတ်ပြီး Night Audit က တညလုံး စစ်ဆေးပြီး နောက်တနေ့ မနက်မှာ ၀င်ငွေစာရင်းနှင့် တခြားစာရင်းအားလုံး စစ်ဆေးအတည်ပြုပြီးဖြစ်အောင် လုပ်ထားရပါတယ်။


#Room Division အတွက် P&L ရေးဆွဲရန် သိထားသင့်သည့်အချက်များ

Revenue ပိုင်းမှာ အခန်းငှားခရတဲ့ Room Income တွေထဲမှ (Tax and Service Charges) တွေနှုတ်ပြီး တဲ့အပြင် Breakfast အတွက် Cost တွေနဲ့ Travel agent တွေနဲ့ ဧည့်သည်တွေကို ပေးလေ့ရှိတဲ့ Allowance တွေလည်းနှုတ်ထားရပါမယ်..ဒါဆိုရင်တော့ Net Room Revenue ကိုရပါမယ်…

#Expense (Consumption) အပိုင်းမှာတော့ ပါ၀င်လေ့ရှိတဲ့ Exp Type တွေဖော်ပြပေးပါမယ်

  • Room Dept;မှာရှိတဲ့ Staff တွေအတွက် ၀န်ထမ်းလစာ
  • ၀န်ထမ်းခံစားခွင့် Employee Benefit
  • Allowances Expense (Revenue ထဲမှာ ထည့်နှုတ်သော စရိတ်များ)
  • Commission (Travel Agent တွေကိုပေး)
  • China, Glassware and Linen Expense (အိပ်ခန်းတွေအတွင်းမှာထည့်ထားတဲ့ ပစ္စည်းများ)
  • Contract Cleaning Expense (Room နဲ့ဆိုင်တဲ့ သန့်ရှင်းရေးတွက် ကုန်ကျစရိတ်များ)
  • Laundry and Dry Cleaning Expense (Room နဲ့ဆိုင်တဲ့ လျှော်ဖွတ်စရိတ်များ)
  • Operating Supplies Expense (Room မှာ ဧည့်သည်တွေတွက် ထောက်ပံ့ပစ္စည်းများစရိတ်)
  • Uniform Expense (Room နဲ့ဆိုင်တဲ့ ၀န်ထမ်းများအတွက် ၀တ်စုံစရိတ်)
  • Other Operating Expense (ဧည့်သည်တွက်စာအုပ်ဂျာနယ်များ၊၀န်ထမ်းခရီးစရိတ်နှင့်အခြားစရိတ်များ)
  • Reservation Expense (ဧည့်သည်များလာရောက်ဖို့ စီစဉ်ဆောင်ရွက်ရတဲ့ Communication Exp)
  • Employees’ Meats (Room ၀န်ထမ်းများကို ကျွေးမွေးစရိတ်)
  • Depreciation Expense (Room နဲ့ဆိုင်တဲ့ Fixed Assets များအတွက်)

#Food & Beverage Department အတွက် P&L ရေးဆွဲရန် သိထား သင့်သည့်အချက်များ

Hotel တွေမှာ Food Income ပိုင်းအတွက် Food Sale မှာ Sale ရယ် (F.O.C) ၀င်ငွေမရဘဲ ထုတ်လုပ်မှုရယ်၊ Complimentary လို့ခေါ်တဲ့ အခမဲ့ ကျွေးမွေးတာတွေရယ်ရှိပါတယ်..

၀န်ထမ်းတွေကို ကျွေးမွေးရတဲ့ တန်ဖိုးတွေကို Sale Income အနေနဲ့မသွင်းရပါဘူး..

နောက်တခုကတော့ အခန်းတွေဟာ မနက်စာ (Breakfast) နဲ့တွဲရောင်းတာဖြစ်လို့ Room Sales ထဲမှာ ပါ၀င်နေတဲ့ မနက်စာအတွက် Cost တွေကို Food and Beverage Dept; စာရင်းထဲမှာ ပြန်ထည့်ပေးရပါမယ်..

Beverage Income ထဲမှာတော့ Dining Room, Room Service, Banquets and Public Bars တွေမှာရောင်းချလို့ရတဲ့ အဖျော်ယမကာ အရောင်းတွေ အားလုံးပါပါတယ်..


#Food Cost of Sale တွက်ချက်နည်းကတော့-

သုံးစွဲခဲ့တဲ့ ပစ္စည်းတွေရဲ့တန်ဖိုးတွေကို (Cost Price) နဲ့တွက်ချက်ပြီး ကုန်သွယ်လျှော့ငွေ Trade Discount ကိုနုတ်ပေးရပြီး သယ်ယူစရ်ိတ်၊ သိုလှောင်စရိတ်၊ ပို့ဆောင်စရိတ်တွေကို ထည့်ပေါင်းပြီး ၀န်ထမ်းများအတွက် အစားအစာခွင့်ပြုစရိတ်ကို နုတ်ယူရပါမယ်…

#Beverage Cost of Sale တွက်ချက်နည်းကတော့-

အဖျော်ယမကာပြင်ဆင်ရောင်းချရာမှာ ထည့်သွင်းသုံးစွဲခဲ့တဲ့ ပစ္စည်းတွေရဲ့တန်ဖိုးတွေကို (Cost Price) နဲ့တွက်ချက်ပြီး ကုန်သွယ်လျှော့ငွေ Trade Discount ကိုနုတ်ပေးရပြီး သွင်းကုန်စရိတ် (Import Duties) သယ်ယူစရ်ိတ်၊ သိုလှောင်စရိတ်၊ ပို့ဆောင်စရိတ်တွေကို ထည့်ပေါင်းပြီး ၀န်ထမ်းများအတွက် အစားအစာခွင့်ပြုစရိတ်ကို နုတ်ယူရပါမယ်…ထို့အပြင် ပုလင်းခွံတွေ ပြန်ရောင်း၇တဲ့ ၀င်ငွေကို ထည့်ပေါင်းပြီးမှသာ အချောသတ် Beverage Cost Sale ကိုရရှိမှာဖြစ်ပါတယ်..

Other Operated Department တွေအတွက်ကတော့ Division တစ်ခုစီအလိုက် ၀င်ငွေနဲ့ သူရဲ့သက်ဆိုင်တဲ့ စရိတ်တွေကို နှုတ်ပြီး ဌာနတခုစီ P& L တွေရေးဆွဲရမှာပါ..

Hotel တစ်ခုနဲ့တစ်ခု Service ပေးတဲ့ (Mineral Operation Departments) တွေကအနည်းအများ မတူညီနိုင်တာကြောင့် ကိုယ့်လုပ်ငန်းမှာ ရှိတဲ့ ဌာနအလိုက်စာရင်းရေးဆွဲရမှာပါ…

ဥပမာဆိုလိုတာက ဟော်တယ်တိုင်းမှာ ရေကူးကန်မရှိသလို ဟော်တယ်တိုင်းမှာ GYM, Message, KTV စတာတွေ မရှိနိုင် ဟော်တယ်တိုင်းမှာ Beauty Salon မရှိတာကြောင့် ကိုယ့်ဟော်တယ်မှာ ရှိသလောက်နဲ့ စာရင်းရေးဆွဲပါ…


Hotel ပိုင်းအတွက် အရေးကြီးတဲ့ ကဏ္ဍနောက်တစ်ခုကတော့ Cost Control ပိုင်းဖြစ်ပါတယ်…

Cost Control ပိုင်းမှာ

  1. Operating Cost (Consumption အပါအ၀င်)
  2. Capital Expenditure
  3. Shareholder Value စတာတွေကို Control လုပ်ရပါမယ်..

Operation Cost တွေကို စီမံရာမှာ Sale Outlets တစ်ခုစီရဲ့ Operating Cost တွေကို မူလ Budget လျာထားချက်၊ Norm တွေနဲ့ ကိုက်ညီမှု ရှိမရှိ၊ကွဲလွဲချက်တွေကို ဆန်းစစ်ရပါမယ်..

ကွဲလွဲရတဲ့ အကြောင်းရင်းတွေကိုရှာဖွေပြီး လိုအပ်တဲ့ စီမံမှုများကိုပြုလုပ်ရပါမယ်…

Capital Expenditure တွေကို စီမံခန့်ခွဲရာမှာတော့ Fixed Assets တွေကို ထိန်းသိမ်းခြင်းနှင့် တန်ဖိုးသတ်မှတ်ခြင်းအပိုင်းနှစ်ပိုင်းပါ၀င်ပါမယ်..

Hotel လုပ်ငန်းများတွင် အရေးအကြီးဆုံးအပိုင်းကဏ္ဍဖြစ်သော Costing ပိုင်းအတွက် New Castle Hotels & Resorts ရဲ့ President& COO ဖြစ်သော Gerry Chase ရဲ့ အဆိုအရ: labor, direct expenses and overhead expenses တွေကို အာရုံထား Control လုပ်ဖို့နဲ့ Labor cost, Food and Beverage ပိုင်းများကို သေချာထိန်းကွက်ရန်သတိပေးထားပါတယ်…

Hotel တွေမှာ ကျင့်သုံးလေ့ရှိသော Costing Method မှာ Activity Based Costing (ABC) ကိုကျင့်သုံး သလား Traditional costing system အရ Operating Costing ကျင့်သုံးသလားဆိုတာကိုတော့ Hotel Policy ပေါ်မှာလေ့လာကြည့်ရပါလိမ့်မယ်…

အထူးဖော်ပြချက်အနေနဲ့ Hotel လုပ်ငန်းတွေမှာဖြစ်စေ Restaurant လုပ်ငန်းများအတွက်ဖြစ်စေ Food Cost Control ဘယ်လိုလုပ်ရမယ်ဆိုတဲ့ နည်းလမ်းများကို လေ့လာနိုင်ရန် Link လေးတစ်ခုဖော်ပြပေးထားပါတယ်…

၀င်ရောက်လေ့လာကြည့်ပါလို့ တိုက်တွန်းချင်ပါတယ်…

Food Cost Control အတွက် Link လေးပါ....

https://www.bngkolkata.com/web/food-cost/

ဒါဆိုရင်တော့ ဟော်တယ်မှာ ၀င်ရောက်လုပ်ကိုင်လိုတဲ့ စာရင်းကိုင်များအတွက် အဖိုးတန်အသိပညာလေးတွေတော့ ရသင့်သလောက် ရလိမ့်မယ်လို့ ယုံကြည်ပါတယ်...

အားလုံးဘဲ အလုပ်အကိုင်များအဆင်ပြေကြပြီး အောင်မြင်ပျော်ရွှင်တဲ့ ဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေရှင်...

ယခုဖော်ပြရေးသားချက်များသည် Hotel Accounting ပညာရပ်ကို ကျွမ်းကျင်ပိုင်နိုင်သော ဝါရင့်ဆရာကြီးများရဲ့လမ်းညွှန်ချက်များကို စာအုပ်စာပေများမှတဆင့် ဖတ်ရှုလေ့လာမိသမျှသော အချက်အလက်များကို ပြန်လည်မျှခြင်းဖြစ်ပါသည်…

စာရင်းကိုင်ပညာဖြင့် အသက်မွေး၀မ်းကျောင်းသူများအတွက် လိုအပ်သော Accounting Knowledge Skills များရရှိတိုးတက်စေရန် ရည်ရွယ်ရ်ျ Knowledge Sharingပြုလုပ်ပေးခြင်း သက်သက်သာ ဖြစ်ပါသည်…

Hotel လုပ်ငန်းများမှာ စာရင်းကိုင်အဖြစ် ၀င်ရောက်လုပ်ကိုင်ချင်သူများအတွက် Hotel နှုင့်ပက်သက်ပြီး စာရင်းကိုင်တစ်ယောက် သိထားသင့်သည့်အချက်များကို အပြည့်အစုံကြီးမဟုတ်သော်လည်း အဓိကသိထားသင့်သည့် အချက်များကို ခြုံငုံရေးသားဖော်ပြပေးလိုက် ခြင်းဖြစ်ပါတယ်....