Blogs

WELCOME TO BEST CHOICE!
"Best Choice ... for your successful life"
Daw Hanni Thaw

(Founder & CEO of Best Choice Professional Training)

ပိုမိုကောင်းမွန်တဲ့ အလုပ်ခွင်တစ်ခုကို သင်ကိုယ်တိုင် ရှာဖွေယူပါ

ဒီနေ့ တပည့်မလေး တစ်ယောက်က သူ့လုပ်ငန်းအတွေ့အကြုံလေးတစ်ခုကို လာရင်ဖွင့်တယ်..

သူ့အလုပ်မှာကြုံနေရတာက...

အထက်လူကြီးမန်နေဂျာဆိုသူကလည်း ကိုယ်လုပ်ရမယ့် အလုပ်တွေ ဘာမှမလုပ်တတ် အုပ်ချုပ်မှုပုံစံတလွဲတွေနဲ့ ၀န်ထမ်းတွေကို စိတ်ဆင်းရဲအောင် စိတ်ဓာတ်ကျအောင်တွေလုပ်လို့ တစ်ယောက်ပြီးတစ်ယောက်အလုပ်ကထွက်တယ် လူကောင်းတွေဆုံးရှုံးရတယ်ပေါ့လေ....

သူဌေးတွေကလည်း ဒါတွေကို ဖြေရှင်းပေးလိမ့်မယ်ထင်တာ တကယ်တမ်းကျတော့ အဲသူဌေးတွေကလည်း ၀န်ထမ်းချင်းချင်း ထိပ်တိုက်တွေတိုက်ပေးလို့ ရန်ဖြစ်ကြတာ မြင်မကောင်းဘူးတဲ့....

ဆိုတော့ ဘာလို့ အဲ့လိုတွေလုပ်ကြတာလဲ သူဌေးတွေရော မန်နေဂျာ ဆိုသူတွေကိုရော နားကိုမလည်တော့ဘူးတဲ့.....

ကိုယ်က အဖြေပေးလိုက်တယ် ရှင်းရှင်းလေးလေ သမီး ရယ်...

အဲ့လူတွေ ပညာမတတ်ကြလို့ပေါ့လို့.....

ပညာမတတ်တဲ့လူတွေ အုပ်စိုးနေတဲ့နေရာမှာ သမီးသွားလုပ်နေရတာကိုးလို့.....

မြန်မာပြည်မှာ သူဌေးဆိုသူ (အားလုံးကို မဆိုလို) အများစုကတော့ ပညာမတတ်ဘဲ စီးပွားလုပ်ဖြစ်နေကြတာများပါတယ်
ဤစကားသည် မည်သူ့ကိုမှ စွပ်စွဲစော်ကားလိုခြင်းမရှိပါ
သို့သော်လည်း သက်ဆိုင်သူများရှိနေရင်တော့ ကိုယ့်အခြေအနေ ကိုယ့်အကြောင်းနဲ့ကိုယ် ပိုသိကြပါလိမ့်မည်ဟုသာ ပြောလိုပါတယ်….

ငွေရှိတိုင်း ပညာမတတ် ပညာသင်ဖူးတိုင်း တကယ့်ပညာရှင် မဖြစ်ဘဲ သင်ညာအသိကိုတောင် မှန်အောင်အသုံးမချတတ် လက်တွေ့ကျကျ ပုံမဖော်တတ်သူတွေကလည်း လောကထဲ အများသားမလား...

အတန်းပညာတွေ တတ်ရင်တောင် သင်ထားတဲ့ ပညာသဘောတွေကိုလည်း တကယ်သိ နားလည်တတ်ကျွမ်းအောင် မလုပ်ကြပြန် ကိုယ်ပိုင် အသိပညာ အတွေးအခေါ်ပညာတွေက မရှိတတ်ကြသူတွေလဲ ရှိနေတတ်တဲ့ လောကကြီးမှာ တကယ့်ပညာတတ် ဆိုတာ ဘယ်လိုလဲဆိုတာလဲ သိဖို့မလွယ်ကြတော့တဲ့ အချိန်အခါဖြစ်နေတာပါဘဲ...

၀န်ထမ်းဆိုသူအများစု မန်နေဂျာဆိုသူ အများစုကလည်း တကယ် ပညာမတတ်ဘဲ အလုပ်လုပ်ခွင့်ရကြတယ် နေရာရနေကြပြန်တယ်...

ပညာဆိုတာက....ကျောင်းပညာရေး အတန်းပညာရေးကို ဆိုလိုတာမဟုတ်ပါဘူး စီးပွားရေးလုပ်ငန်းရဲ့သဘောသဘာဝတွေနဲ့ စီးပွားရေးလုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲရေး ပညာတွေကို ဘာမှမသိဘဲ သိအောင်လည်း မလေ့လာချင်ကြဘဲ ပိုက်ဆံရှိလို့ စီးပွားထလုပ်ကြသူကများနေတဲ့ မြန်မာသူဌေးတွေကြားမှာ..

စာရင်းဆိုလည်း စာရင်းပညာအရ၊ ၀န်ထမ်းအုပ်ချုပ်ရေးဆိုလည်း HR ပညာအရ၊ စျေးကွက်ပညာဆိုလည်း စျေးကွက်ပညာ Marketing ပညာအရ၊ ၀န်ဆောင်မှုပုံစံတွေဆို Customer Service ပညာတွေအရ ဘာမှသေချာနားလည်အောင် သိအောင် မလုပ်ထားဘဲ စီးပွားရေးလုပ်နေကြပြီး မှန်ကန်တဲ့ အသိ တွေးခေါ်ညာဏ်ပညာတွေနဲ့ ဆုံးဖြတ်နိုင်စွမ်းတွေ အားနည်းကြတာက အများစုသော လုပ်ငန်းခွင်တွေမှာ တွေ့ကြုံနေရတာပါ စာရေးသူကိုယ်တိုင်လဲ နှစ်အကြာကြီးတွေ့ကြုံဖူးခဲ့ပါတယ်...

စီးပွားရေးဆိုင်ရာ စီမံခန့်ခွဲပညာရပ်တွေကို တကယ်မတတ်တဲ့ လူတွေက ၀န်ထမ်းလုပ်ပေးနေကြတာများတော့ လုပ်ငန်းခွင်တွေထဲမှာ မသိတဲ့ လူတွေကို မတတ်တဲ့ လူတွေက ၀န်ထမ်းတယ်နာမည်ခံပြီးလစာညာယူ နေတတ်ကြတော့ တကယ်သိ တကယ်တတ်တဲ့ ပညာတတ်တွေက လုပ်ရတာ ဘောင်ကျဉ်းတယ်... လုပ်ငန်းခွင်တွေထဲမှာ အဆင်မပြေကြဘူးပေါ့လေ..

ဒီတော့ကာ လူတိုင်းဟာ ကိုယ့်တကိုယ်စာ ပညာအရည်အသွေးမြင့်မားနေဖို့သာ အဓိကထားကြိုးစား ကိုယ့်ဘ၀အတွက်ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်းတွေသာစဉ်ဆက်မပြတ်တွေးတောကြံစည် အားထုတ်ရင်းကိုယ့်ပညာ ကိုယ့်လုပ်အား နဲ့ကိုယ့်ကို တန်ဖိုးထားမယ့်နေရာ ကိုယ့်ပညာကို အစွမ်းကုန်အသုံးချလို့ရမယ့် နေရာမျိုးသာရှာကြံ ကိုယ်ပညာရဖို့နဲ့ ကိုယ့်အလုပ်နဲ့ဘ၀မှာ စိတ်ချမ်းသာပျော်ရွှင်ရမယ့် နေရာမျိုးမှာ အလုပ်လုပ်နိုင်ဖို့ အခွင့်အလမ်းတွေကို ကိုယ့်ဘာသာ ရှာဖွေတတ်ဖို့ အရေးကြီးပါတယ်...

ကိုယ့်ဘက်က အကောင်းဆုံးကြိုးစားလုပ်ပြီးသွားတာသေချာရင် ကိုယ့်ဘက်က တာ၀န်ကျေပြီလို့ ယူဆသွားနိုင်ရင် တခြားသူတွေ ဘယ်လိုဖြစ်ဖြစ်ပါ သူဌေးတွေ ဘယ်လိုဖြစ်ဖြစ်ပါ ဝေဖန်တာရော ပြစ်တင်တာရော အားမရစိတ်ရော ဘာမှမထား.တော့ဘဲ အဲ့လုပ်ငန်းမျိုးကို ကိုယ့်ဘက်ကသာ အမြန်စွန့်ခွာလိုက်ပါ..

သူဌေးဆိုတာ ဆင်ပိန်တော့ ကျွဲလောက်တော့ ကျန်သေးမပေါ့...

၀န်ထမ်းဆိုတာကတော့ ဒီနေ့ အလုပ်မလုပ်ရင် ဒီနေ့ လစာမရဘူးမလား...

ဒါကြောင့် ကိုယ့်အတွက် ပညာရဖို့ လုပ်ခလစာလေး ထိုက်သင့်သလောက် ရဖို့နဲ့ ကိုယ့်စိတ်ချမ်းသာတဲ့ ပတ်၀န်းကျင်လေးမှာ အလုပ်လုပ်နေနိုင်ဖို့သာ အဓိကအာရုံထားကြိုးစားတတ်ဖို့လိုပါလိမ့်မယ်.....

အလုပ်တခုမှာ အဆင်မပြေလွန်းရင် ငါ့ကြောင့်လား တခြား၀န်ထမ်းတွေနဲ့ အလုပ်ရှင်တွေ မန်နေဂျာတွေကြောင့်လားတွေးပြီး ကိုယ့်ကြောင့်တော့မဟုတ်ဘူး သူတို့ကြောင့်ဆိုရင်တော့လည်း အဓိကက ပိုင်ရှင်မျက်နှာကိုကြည့်ပါ...

ပိုင်ရှင်ဆိုသူကမှ ကိုယ့်အလုပ်တွက် ဘယ်သူက ရွှေခဲ.ဘယ်သူက မီးသွေးခဲဆိုတာမှ မခွဲခြားတတ်သူဆိုရင်တော့လည်း အဲ့လို လုပ်ငန်းမျိုးပတ်၀န်းကျင်မျိုးကနေ မြန်မြန်စွန့်ခွာဖို့ သတ္တိမွေးလိုက်ပါ Change ကိုလက်ခံပါ....Change အတွက် သတ္တိရှိပါ....

မနေအပ်တဲ့ နေရာမှာ ၁ရက်ကြာလည်း သင့်အတွက် ၁ရက်တာ အခွင့်အလမ်းသစ်တွေ ဆုံးရှုံးတယ်လို့ ယူဆထားလိုက်ပါ....

အားလုံးဘဲ အဆင်မပြေတဲ့ အလုပ်ခွင်ကနေ သတ္တိရှိစွာ ထွက်ရဲကြပါစေ....

အလုပ်အကိုင် အခွင့်အလမ်းသစ်တွေကို လျှင်မြန်စွာ ဖမ်းဆုပ်နိုင်ကြပါစေ....

လူသားအားလုံးကို အောင်မြင်ပျော်ရွှင်စေချင်သော ဆန္ဒများဖြင့်....