Daw Hanni Thaw
(Founder & CEO of Best Choice Professional Training)

မိမိတို့ဘဝမှာ တစ်စုံတယောက်ကို မှီပြီးမှ တက်လမ်းရှာ သူများရဲ့ အရိပ်တခု အထောက်အပံ့တစ်ခုခုရှိမှ နေရာတစ်ခု အဆင့်တစ်ခုရအောင်လုပ်နိုင်သူတွေဟာ သစ်ပင်ကြီးတွေ ဂွကြားကပ်ပေါက်တတ်တဲ့ ကပ်ပါးပင် သစ်ခွပင်တွေ နဲ့ တူသလိုဘဲ အရမ်းတန်ဖိုးရှိလှပါတယ်ဆိုရင်တောင် သစ်ခွပန်းလောက် အဆင့်ပေါ့လေ..
ခဏတာ လှပတင့်တယ်မယ် လိုချင်သူပေါမယ် တပွဲတိုးသုံးလို့ရမယ် အချိန်တန် နွမ်းလို့ ပြစ်လိုက်ရမယ် တသက်တာအတွက် ရေရှည်အတွက် တန်ဖိုးဆိုတာတော့ မရှိနိုင်ဘူး
ကိုယ့်အားကိုယ်ကိုးပြီး အခက်ခဲကြားက ဖောက်ထွက် လမ်းသစ်ဖောက်ပြီး ထီးထီးမားမား ရပ်တည်လာနိုင်အောင် ထင်ရှားအောင်မြင်လာအောင် လုပ်ကိုင်နိုင်စွမ်းရှိသူတွေကျတော့ သစ်ပင်ကြီးမျိုး တွေနဲ့တူတယ်ထင်ရတယ်
ကိုယ်တိုင်က အမှီခို ကင်းကင်းနဲ့ လေဒဏ် မိုးဒဏ် နေအပူဒဏ်တွေကို မျိုးစုံ ခုခံနိုင်ပြီး အများကိုတောင် အရိပ်ရအောင် ရာသီဥတုကောင်းစေအောင် စီးပွားဖြစ်အောင် ကူညီထောက်ပံ့နိုင်စွမ်းရှိကြတယ်
သစ်တပင်ကောင်းရင် ငှက်တသောင်းနားလို့ရတယ် ဆိုတဲ့ ဆိုရိုးစကားလိုပါဘဲ အများကိုတောင် ပြန်အကျိုးပြုနိုင်စွမ်းတွေကြီးမားတယ် ဥပမာ ကျွန်းပင်လိုပေါ့
သက်တမ်းရင့်လေ တန်ဖိုးတက်လေကလည်း ရှိသေး သူ့ကို သုံးရတာ ပိုင်ဆိုင်ရတာကို လူတွေက ဂုဏ်ယူနေကြရသေးတာလေ တသက်တာ တန်ဖိုးထားခံရတဲ့ အရာတစ်ခုအဖြစ်ပေါ့
ဒီတော့ လူတိုင်းက သူ့တန်ဖိုးနဲ့သူရှိတာ မှန်ပေမယ့် သူများကို မှီခိုမှ သူများအရိပ်ကို ယူပြီးမှ သူများက သေချာပြုစု ကူညီပေးတာကို ခံယူရပြီးမှ လှပစွာ ရှင်သန်ပွင့်လန်းရတဲ့ ခဏတာ တင့်တယ် တန်ဖိုးရှိတဲ့ သစ်ခွပင်လို ဖြစ်မယ့်အစား ကျွန်းပင်လို ရပ်တည်နိုင်ရင် ပိုမကောင်းဘူးလားလို့ ကျွန်မတွေးမိတွေးရာ ကျွန်မ ခံယူချက်လေးကို ရေးလိုက်တာပါ
သေချာတာက ကျွန်မက ကျွန်းပင်လို နေထိုင်လုပ်ကိုင်နေရသူမို့ပါ အထောက်အပံ့မရှိဘူး အမှီအခို ကင်းတယ် ကြမ်းတမ်းတဲ့ သဘာဝရန်တွေလည်း ရင်ဆိုင်ရတယ် သို့သော် အခက်အခဲ ကြားကဘဲ သက်တမ်းကြာလေ ကိုယ့်တန်ဖိုးကတက်လေ ဖြစ်အောင်ကြိုးစား ရှင်သန်နေထိုင်ပါတယ်
ကိုယ့်ဘဝကိုယ် ဂုဏ်လည်းယူတယ်လေ ကိုယ်က သူများအရိပ်မရှိမှာ မပူရဘူး ကိုယ့်အရိပ်မရှိရင်သာ တမ်းတနေကြမယ့်သူတွေ အများကြီး ရှိနေတာကိုး ဒီတော့ ကိုယ့်လို ဘဝတူ အတွေးတူ ခံယူချက်တူသူ တွေများရှိလေမလား ကျွန်မက အဲ့လိုလူတွေကို အရမ်းလေးစားတတ်လို့ သိချင်မိတာပါ
လူသားအားလုံးကို အောင်မြင်ပျော်ရွှင်စေချင်သော ဆန္ဒများဖြင့်....