ဟန်နီသော်
(Founder & CEO of Best Choice Professional Training)
စာရင်းကိုင်ဌာနမဟုတ်သော အခြား ဌာနဝင်များနဲ့ စာရင်းကိုင်များ
စာရင်းကိုင်ဌာနမဟုတ်သော အခြား ဌာနဝင်များနဲ့ ဌာနပေါင်းစုံမှ အထက်လူကြီးဆိုသူများက ပြောလေ့ရှိတယ်... စာရင်းကိုင်က စာရင်းကိုင်အလုပ်လုပ်ပါတဲ့... မဆိုင်တာတွေကို ဝင်မပါပါနဲ့တဲ့.... စာရင်းကိုင်က စာရင်းကိုင်အလုပ်ကို လုပ်ဖို့ ဆိုတာက လုပ်ငန်းတစ်ခုလုံးရဲ့ Business Activities တွေကို အကုန်သိအောင်လုပ်ရပါတယ်...
Business Activities တွေအရ ငွေနှင့်သက်ဆိုင်တာ မှန်သမျှ စာရင်းနဲ့သက်ဆိုင်ပါတယ်...
ဥပမာအားဖြင့် Purchasing Department က ကုန်ဝယ်သလား... ဒါဆိုရင် စာရင်းနဲ့ဆိုင်ပါတယ်..
ကုန်ဝယ်တယ်ဆိုတာ ငွေပေးမှဝယ်လို့ရသလို အဲဒီငွေကို ထုတ်ပေးရမှာ စာရင်းဌာနတာဝန် အဲဒီဖြစ်စဉ်ကို စာရင်းမှတ်တမ်းပြုပြီး Profit &Loss မှာ စာရင်းဖော်ပြရမှာသည် စာရင်းကိုင်ရဲ့ တာဝန်ပါ..
ဒီအတွက် ငါတို့ဘာသာ ဘာဝယ်ဝယ် ဘယ်လိုဝယ်ဝယ် ဘယ်လောက်ဖိုးဝယ်ဝယ် ငါတို့ Process ငါတို့ပိုသိတယ်... ငါတို့ကိစ္စကို မစွက်ဖက်နဲ့လို့ Purchasing ကိုင်သူများ စာရင်းကိုင်ကို ပြောခွင့်မရှိဘူးဆိုတာ နားလည်ထားသင့်ကြပါတယ်...
Warehouse တွေဂိုဒေါင်တွေကို ထိန်းသိမ်း ကိုင်တွယ်သူသည်လဲ ငါတို့ဂိုဒေါင်တွေနဲ့ ကုန်ပစ္စည်းတွေကိစ္စ စာရင်းကိုင်နဲ့မဆိုင်ဘူး ပြောခွင့်မရှိပါဘူး..
လုပ်ငန်းက ငွေကုန်ခံရင်းနှီးဝယ်ထားရတဲ့ ကုန်ပစ္စည်းတွေမို့ ဒီပစ္စည်းတွေရဲ့ အဝင် အထွက် လက်ကျန် စာရင်းအားလုံး စာရင်းကိုင်က မှတ်တမ်းပြုကြရပြီ လက်ကျန်မှန်မမှန်တွေ စစ်ဆေးဖို့တာဝန်ရှိပြီး လက်ကျန်အရေအတွက်ကို Profit & Loss စာရင်းနဲ့ Balance Sheet မှာ Closing Inventory အဖြစ် ဖော်ပြရတယ် ဒါကို ပိုင်ရှင်အဖွဲ့ဝင်တွေကကြည့်ရှူပြီးရင် လုပ်ငန်းအတွက် လိုအပ်တဲ့ စီမံခန့်ခွဲရေးတွေ ဆက်လက်လုပ်ဆောင်ရတယ်...
ဉပမာ Inventory လက်ကျန်များနေရင် ရောင်းအားကျနေတာလား..ဟုတ်တယ်ဆိုရင် အရောင်းမြှင့်တင်နည်းတွေသုံးဖို့လိုပြီလား.. ဆိုတာကိုစဉ်းစားလုပ်ဆောင်ဖို့လိုပြီပေါ့... သို့မဟုတ် ရောင်းအားရှိတာထက် ဝယ်ယူအားပိုများလွန်းနေလို့ လက်ကျန်အရမ်းများနေလား... ဒါဆို ရောင်းအား ဝယ်အားတွေ ချိန်ဆဖို့လိုပြီ မဟုတ်ရင် ရင်းနှီးထားတဲ့ ကုန်တွေအတွက် သိုလှောင်စရိတ်မြင့်ပြီး Date လွန်တာတွေ ပျက်စီးတာတွေ ဖြစ်ရင် နစ်နာမှုတွေရှိမယ် စသဖြင့် စာရင်းကပေးတဲ့ အဖြေတွေကို ယူပြီး ဘာလုပ်သင့်တယ်ဆိုတာတွေကို ဆုံးဖြတ်ကြရမယ် ဒါကြောင့် Inventory ကိစ္စက Admin Logistics Warehouse တာဝန်ခံတွေနဲ့သာဆိုင်တယ်
စာရင်းကိုင်က ဝင်မစွက်နဲ့ဆိုတာမျိုးမရဘူး ဌာနပေါင်းစုံနဲ့ စာရင်းဌာနပူးပေါင်းလုပ်ကြရမှာဖြစ်သလို တကယ့် အချုပ်က စာရင်းဌာနဘဲ.... အစထဲက စာရင်းဖော်ပြချက် Financial Statements တွေမှာ Purchase & Inventory ဆိုတာ တရားဝင်ဖော်ပြရမယ့် စာရင်းအချက်လက် ကိန်းဂဏန်းတွေအဖြစ် ပါရှိနေပြီး စာရင်းကိုင်မှန်ရင် Inventory Control or Inventory Management ကိုပိုင်နိုင်ကျွမ်းကျင်ဖို့လိုအပ်တဲ့အတွက် ဂိုဒေါင်ကိစ္စ စတိုကိစ္စ စာရင်းကိုင်တွေ အသာနေ ဝင်မစွက်ဖက်နဲ့လို့ ပြောခွင့်မရှိဘူး..
အခုပြောသွားတဲ့အချက်တွေမှာ... တခြားဌာနတွေအတွက်မပါသေးပါဘူး.. နမူနာအားဖြင့် ဌာနတချို့နဲ့ စာရင်းဌာနရဲ့ ချိတ်ဆက်ရှိနေပုံကိုဘဲ ဖော်ပြခဲ့သေးတာပါ.. စာတွေရှည်ရင် သိပ်မဖတ်ချင်ကြတာသိလို့ အခြားဌာနတွေအတွက်ပါ ထည့်မရေးတော့ဘဲ အတိုချုပ်လေးဘဲ မြင်သာအောင် ရေးပြခဲ့ပါမယ်... စာရင်းကိုင်တွေဆိုတာ ဌာနပေါင်းစုံရဲ့လုပ်ကိုင် လှုပ်ရှားမှုမှန်သမျှကို အကြားအမြင်များအောင် မသိမရှိအောင် ကြိုးစားကြရပြီ စာရင်းနဲ့ဆိုင် လုပ်ငန်းငွေနဲ့သက်ဆိုင်ရင် အကုန်ဝင်ပါဖို့လိုနေတဲ့ သဘောတရားရှိတာမို့လို့ စာရင်းကိုင်များကို နင်တို့ကိစ္စ နင်တို့လုပ်ပါ ငါတို့ကိစ္စ ဝင်မစွက်ဖက်ပါနဲ့ဆိုတဲ့ အတွေးမျိုး အပြောမျိုးတွေနဲ့ အထင်လွဲအပြစ်တင်ခြင်းများ မရှိကြစေဖို့ အသိပညာ ဗဟုသုတ အားဖြင့်သိရှိစေရန် ရည်ရွယ်ရေးသားပေးလိုက်ရပါတယ်ရှင်...
အားလုံးဟာ ဝန်ထမ်းများသာ ဖြစ်ကြပြီး ကိုယ်မပိုင်သော လုပ်ငန်းတစ်ခုအတွက် အတူပူးပေါင်းဆောင်ရွက်ကြရတာမို့ သူ့ပညာ ကိုယ့်ပညာ သူ့အလုပ် ကိုယ့်အလုပ်ကို အချင်းချင်း လေးစားပေးစိတ်တွေနဲ့ လုပ်ကိုင်ကြရင် သာယာအေးချမ်းတဲ့လုပ်ငန်းခွင် ဘဝကိုရကြမှာမလွဲပါရှင်..