ဒေါ်ဟန်နီသော်
(Founder & CEO of Best Choice Professional Training)
IS IT ENOUGH TO BE PROFESSIOAL?
လုပ်ငန်းခွင်တိုင်းမှာ တွေ့ရတတ်တဲ့ အခြေအနေတစ်ခုက... ကျမတို့ဟာ အလုပ်ကိုအလုပ်သက်သက်နဲ့ ကြည့်ရင်း လူသားတွေကို ကိရိယာတစ်မျိုးအနေနဲ့ သုံးနေမိကြတာပါ။ အပြင်ဖက်က ကြည့်ရင် သိပ်လှတယ်၊ စနစ်တကျရှိတယ်၊ corporate ပုံစံအတိုင်း perfect ဖြစ်နေတယ်။ ဒါပေမယ့် အတွင်းက လူတွေကရော ဘယ်လိုခံစားနေကြရပါသလဲ။
ကျမ တစ်ခါတုန်းက ကြုံခဲ့ရတဲ့ အခြေအနေတစ်ခုကို ပြောရရင်... ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတစ်ယောက်က သူ့အမျိုးသမီးရဲ့ သားဦးလေး မီးဖွားတဲ့နေ့မှာပဲ ကိုယ်လုပ်ရမည့် presentation ကြီးရှိနေတယ်။ သူဟာ ကုမ္ပဏီရဲ့ policy အရ Leave တွေကို တောင်းပြီး အသုံးပြုခွင့်ရှိတယ်။ ဝန်ထမ်းက presentation ကို ရွှေ့လိုတယ်၊ မလုပ်နိုင်သေးဘူးလို့ပြောတော့ အထက်အရာရှိက "Professional ဖြစ်ပါ၊ အရေးကြီးတဲ့ meeting ပါ" လို့ပြန်ပြောတယ်။
ဒီလိုကိစ္စမျိုးမှာ ဘယ်သူ့ဘက်က မှန်ပါသလဲ။ Professional ဖြစ်ဖို့ဆိုတာ လူသားဆန်မှုကို လုံးဝစွန့်လွှတ်ရမယ်ဆိုတာလား။ ကုမ္ပဏီရဲ့ target တွေ၊ profit တွေဟာ ဝန်ထမ်းတွေရဲ့ စိတ်ခံစားမှုတွေထက် အမြဲတမ်း ပိုအရေးကြီးရမှာလား။
အမှန်ကတော့... Professional ဖြစ်ခြင်းနဲ့ Human ဖြစ်ခြင်းဟာ ဆန့်ကျင်ဘက်မဟုတ်ပါဘူး။ ဒါတွေက complement လုပ်ကြတာပါ။ Professional ဖြစ်ဖို့ဆိုတာ လုပ်ငန်းတာဝန်တွေကို တာဝန်ခံစိတ်နဲ့ ထမ်းဆောင်ခြင်း၊ အရည်အသွေးရှိတဲ့ ရလဒ်တွေထုတ်ပေးခြင်း၊ ကတိပြုထားတာတွေကို တည်ကြည်စိတ်ချရအောင် လုပ်ဆောင်ခြင်းတို့ကို ဆိုလိုတာပါ။
Human ဖြစ်ခြင်းကတော့ လူသားတွေကို လူသားအနေနဲ့ လေးစားခြင်း၊ သူတို့စိတ်ခံစားမှုတွေ၊ အခြေအနေတွေကို နားလည်ပေးခြင်း၊ အကူအညီလိုအပ်တဲ့အခါ တတ်နိုင်သလောက် ကူညီပေးခြင်းတို့ကို ဆိုလိုတာပါ။
ဒါဆို ကျမတို့ရဲ့ လုပ်ငန်းခွင်တွေမှာ ဒီနှစ်ခုကို ဘယ်လို balance လုပ်ကြမလဲ။
၁။ Clear Boundaries နဲ့ Flexible Solutions
Professional boundaries တွေ ရှိရမယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ဒီ boundaries တွေဟာ လူသားတွေကို ညှဉ်းပန်းဖို့အတွက် မဟုတ်ပါဘူး။ လုပ်ငန်းကို ပိုမိုထိရောက်အောင် လုပ်ဆောင်ဖို့အတွက်ပါ။ အပေါ်မှာ ပြောခဲ့တဲ့ ဥပမာမှာဆိုရင် အဲ့ဒီ presentation ကို နောက်ထပ် နှစ်ရက်လောက် ရွှေ့လို့ရမယ်ဆိုရင် ရွှေ့ပေးခြင်းက ပိုမိုလူသားဆန်တဲ့ လုပ်ဆောင်မှုဖြစ်ပါလိမ့်မယ်။ professional ကျတဲ့ လူသားဆန်မှုဆိုတာ လုပ်နိုင်တာတွေ လုပ်ပေးပြီး မလုပ်နိုင်တာတွေကိုတော့ ရှင်းပြခြင်းပါ။
၂။ Communication ဟာ နှစ်ဖက်စလုံးအတွက်ဖြစ်ပါတယ်
Professional communication ဆိုတာ တစ်ဖက်သတ် orders ပေးတာမဟုတ်ပါဘူး။ နှစ်ဖက်စလုံး နားလည်မှုရအောင် ဆက်သွယ်တာပါ။ ဝန်ထမ်းတစ်ယောက်က သူ့အခြေအနေကို ပွင့်ပွင့်လင်းလင်း ရှင်းပြခွင့်ရှိသလို အထက်လူကြီးကလည်း သူ့ရဲ့ concerns တွေကို ရှင်းပြပြီး နှစ်ဦးစလုံး အကောင်းဆုံး solution ကို ရှာဖို့ ကြိုးစားကြရပါမယ်။
ဒါမှမဟုတ် management က "ဒါက ကုမ္ပဏီ policy ပါ၊ လိုက်နာဖို့သာရှိပါတယ်" လို့ တဖက်သတ် ပြောခြင်းက professional မဟုတ်ပါဘူး။ စာနာမှုနည်းပါးတဲ့ ဆုံးဖြတ်ချက်သာဖြစ်ပါလိမ့်မယ်။
၃။ Recognition နဲ့ Accountability
လူတွေကို သူတို့ရဲ့ ကြိုးစားမှုအတွက် အသိအမှတ်ပြုခြင်းဟာ human approach ပါ။ အမှားကိုလည်း လူ့သဘာဝအတိုင်း နားလည်ပေးပြီး learning opportunity အဖြစ် သုံးခြင်းက humanism ပါ။ ဒါပေမယ့် ဒီလိုနားလည်ပေးခြင်းဟာ accountability ကို လွတ်ပေးလိုက်တာ မဟုတ်ပါဘူး။ Professional ဖြစ်ဖို့ဆိုတာ results ကို တာဝန်ယူခြင်းလည်း ပါဝင်ပါတယ်။
၄။ လူ့အရင်းအမြစ်အဖြစ် မဟုတ်ပဲ လူသားအဖြစ် ရှုမြင်ခြင်း
HR professionals တွေ အနေနဲ့ စဉ်းစားကြည့်ပါ။ ကျမတို့ဟာ Human Resources လို့ ခေါ်ပေမယ့် တကယ်တော့ Human Beings တွေနဲ့ ဆက်ဆံနေတာပါ။ Resources တွေဟာ တစ်ခုချင်းစီ လွှဲပြောင်းလို့ရတယ်၊ အစားထိုးလို့ရတယ်။ ဒါပေမယ့် လူသားတွေကတော့ တစ်ယောက်စီမှာ အစားထိုးမရတဲ့ Unique Experiences, Emotions, Personal Circumstances တွေရှိကြပါတယ်။
ကုမ္ပဏီတစ်ခုမှာ ဝန်ထမ်းတစ်ယောက်က pregnant ဖြစ်နေတယ်ဆိုပါစို့။ Professional approach ကတော့ maternity leave policy အတိုင်း leave ပေးလိုက်တာပါ။ ဒါပေမယ့် human approach ကတော့ သူမရဲ့ အခြေအနေကို မေးမြန်းခြင်း၊ work load ကို ချိန်ညှိပေးခြင်း၊ နောက်ပြန်လာတဲ့အခါ ဘယ်လို flexible working arrangement တွေ လုပ်ပေးနိုင်မလဲဆိုတာကို စဉ်းစားပေးခြင်းတွေပါ။
၅။ စိတ်ဝင်စားမှုနဲ့ စုံစမ်းခြင်း မဟုတ်ပဲ စာနာမှုနဲ့ လေးစားခြင်း
လုပ်ငန်းခွင်မှာ ဝန်ထမ်းတွေရဲ့ personal life ကို စုံစမ်းဖို့ မလိုပါဘူး။ ဒါပေမယ့် သူတို့က ပြဿနာတစ်ခုခု ကြုံနေရတယ်ဆိုတာ သိရှိရင် ဘယ်လို ကူညီပေးနိုင်မလဲ၊ work မှာ ဘယ်လို accommodation လုပ်ပေးနိုင်မလဲ ဆိုတာကို စဉ်းစားပေးခြင်းက လူသားဆန်တဲ့ approach ပါ။
ဥပမာ... ဝန်ထမ်းတစ်ယောက်က သူ့မိခင် ကျန်းမာရေးမကောင်းလို့ ရံခါရံခါ ဆေးရုံပို့ရတယ်ဆိုရင် flexible working hours ပေးခြင်း သို့မဟုတ် remote work option ပေးခြင်းက ဖြစ်နိုင်တယ်။ ဒါဟာ လုပ်ငန်း productivity ကိုလည်း မထိခိုက်ဘဲ လူသားဆန်တဲ့ solution တစ်ခုပါ။
နောက်ဆုံးအနေနဲ့… Professional ဖြစ်ခြင်းနဲ့ Human ဖြစ်ခြင်းက တစ်ခုနဲ့တစ်ခု မဆန့်ကျင်ကြပါဘူး။ Professional ဖြစ်ဖို့ဆိုတာ လုပ်ငန်းခွင်မှာ တာဝန်ယူတတ်ခြင်း၊ အရည်အသွေးရှိခြင်း၊ ယုံကြည်စိတ်ချရခြင်းတို့ဖြစ်ပြီး... Human ဖြစ်ဖို့ဆိုတာ လူသားတွေကို လူသားအနေနဲ့ လေးစားခြင်း၊ နားလည်ပေးခြင်း၊ စာနာမှုရှိခြင်းတို့ဖြစ်ပါတယ်။
တကယ်တော့ ဒီနှစ်ခုက လက်တွဲသွားတဲ့အခါမှ အမှန်တကယ် sustainable ဖြစ်တဲ့ လုပ်ငန်းခွင်ယဉ်ကျေးမှုကို ဖန်တီးနိုင်မှာပါ။ ဝန်ထမ်းတွေက motivated ဖြစ်ကြမယ်၊ loyal ဖြစ်ကြမယ်၊ productivity လည်း မြင့်မားလာမယ်။ အရေးကြီးဆုံးကတော့ လူတွေဟာ အလုပ်ကို အလုပ်သက်သက်တစ်ခုအနေနဲ့ မဟုတ်ပဲ သူတို့ဘဝရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ မြင်လာကြပါလိမ့်မယ်။
ကျမတို့ရဲ့ လုပ်ငန်းခွင်တွေမှာ ဒီ Balance ကို ရှာတွေ့နိုင်ကြပါစေ... 💛