Blogs

WELCOME TO BEST CHOICE!
"Best Choice ... for your successful life"
Daw Hanni Thaw

(Founder & CEO of Best Choice Professional Training)

ပညာကိုသစ္စာမဖောက်ကြေး

စာပေဟောပြောပွဲတစ်ခုမှာ ဆရာ အော်ပီကျယ် ဟောပြောခဲ့ဖူးတဲ့ အထဲက စာရေးသူ အကြိုက်ဆုံး စကားလေးတခုရှိတယ်..........

လောကမှာ ဘယ်အရာကိုမဆို မှားနေတယ်ဆိုတာ သိရင် မှန်ရာကို ပြောရဲရမယ်မှန်ရာကို ပြင်ဖို့စိတ်ရှိကို ရှိရမယ်တဲ့..............

မှားနေမှန်း သိသားနဲ့ လမ်းဟောင်းတိုင်း လျှောက်နေတတ်တဲ့ လူဟာ......

ပညာတတ်ဆိုလည်း ပညာကို သစ္စာဖောက်တဲ့ လူပဲတဲ့............

ကိုယ်က စာရင်းပညာသမားမို့လို့လား မသိ.......

လုပ်ငန်းတွေမှာ စာရင်းကိုင်တွေ စာရင်းအမှားကြီးတွေ လုပ်ပုံကိုင်ပုံ အမှားကြီးတွေဖြစ်နေတာကို ပြင်ရကောင်းမှန်းမသိပဲ အဲ့ဒီလုပ်ငန်းရဲ့ စာရင်းကိုင်လို့ အမည်ခံထားတာမျိုး မဖြစ်စေချင်လို့ ထားသင့်တဲ့ စိတ်ထားတွေ အတွေးအခေါ်တွေကို လမ်းကြောင်းပေး ပြုပြင်ပေးချင်မိလို့ သင်တန်းပေးနေဖြစ်တာပါ...

တချို့ကလည်း ပြောလည်း မောရုံသမားတွေလည်း ရှိပါတယ်.ခံယူချက် မကောင်းတဲ့သူတွေမို့ပါ... ကိုယ့်အလုပ် ကိုယ့်ဘ၀ ကိုယ့်ရပ်တည်မှုတွေမှာ မှန်ကန်တဲ့လုပ်ရပ်တွေနဲ့ပဲ ရပ်တည်နေတဲ့ ကျွမ်းကျင်တဲ့ စာရင်းပညာ ရှင် တစ်ယောက် အဖြစ်အောင်မြင်ရမယ် လုပ်ငန်းတခုမှာ ငါယူထားတဲ့ လစာအတွက် ငါ့လုပ်ဆောင်ချက်ကိုကြည့်ပြီး လုပ်ငန်းရှင်က ကျေနပ်နေရမယ်ဆိုတဲ့ မိမိအလုပ်ပေါ် ကရတဲ့ ကောင်းတဲ့ ဂုဏ်သိပ်ခါ တခုကို မမက်မောတတ်တဲ့ လူတွေလည်း အများကြီးရှိတတ်ပါတယ်

ဆရာ အော်ပီကျယ် ပြောသလိုပဲ ကိုယ်တတ်ထားတဲ့ စာရင်းပညာကို သစ္စာဖောက်နေကြတာ မလုပ်သင့်တဲ့ အလုပ်တခုဆိုတာ သိစေချင်ပါတယ်...စာရင်းကိုင် ပညာနဲ့ အသက်မွေးမယ့် လူငယ် လူရွယ် လူကြီး အားလုံးတို့အတွက် ဆိုပေမယ့် တခြားပညာရပ်တွေနဲ့ လုပ်ကိုင်နေကြတဲ့ သူတွေလည်း အတူတူပါပဲ...

ဘယ်ပညာကိုမဆို သစ္စာမဖောက်ပဲ အကောင်းဆုံး လုပ်ဆောင်နိုင်ရင် ကိုယ့်ဘ၀တွက်လည်း အကောင်းဆုံးအကျိုးတွေပြန်ရမှာပါ လို့ အပြုသဘောနဲ့ ရေးသားလိုက်ရပါတယ်.........