Daw Hanni Thaw
(Founder & CEO of Best Choice Professional Training)

အလုပ်လျှောက်ထားဖို့ပြင်ဆင်နေသူတိုင်း လုပ်ငန်းခွင်ရောက်ရှိနေသူတိုင်း သိရှိစေရန် (သို့မဟုတ်) ဘ၀တစ်လျှောက်ရပ်တည်နေထိုင်ရေးအတွက် အဆင်ပြေအောင်မြင်လိုသူတိုင်း သိထားသင့်တဲ့ အချက်အနည်းငယ်ကို အကြံပြုတင်ပြပေးချင်မိပါတယ်.......
ကိုယ်၀င်ရောက်ဖူးသည့် Organization တစ်ခုမကောင်းတိုင်း
Organization တိုင်းကို မကောင်းနိုင်ဘူးဟူရ်ျ စိတ်ထဲ မှတ်ယူ မထားသင့်....
ကိုယ်တွေ့ကြုံဖူးသည့် Environment တစ်ခုမကောင်းတိုင်း
Environment တိုင်းကို မကောင်းနိုင်ဘူးဟူရ်ျ စိတ်ထဲ မှတ်ယူ မထားသင့်....
ကိုယ်နဲ့ ပတ်သက် ဆက်ဆံဖူးသည့် လူတစ်ယောက် မကောင်းတိုင်း
လူတိုင်း မကောင်းဘူးဟူရ်ျ စိတ်အစွဲတွေ မထားနှင့်....
ကိုယ်နဲ့ ပတ်သက် ဆက်ဆံဖူးသည့် လူတစ်ဦးတစ်ယောက် မကောင်းတိုင်း
သူ့လူမျိုးတစ်ရပ်လုံးကို မကောင်းဘူးဟူရျ် အထင်မမှားနှင့်....
ကိုယ်နဲ့ ပတ်သက် ဆက်ဆံဖူးသည့် လူတစ်ဦးတစ်ယောက် မကောင်းတိုင်းလည်း
သူ့ဘာသာ တစ်ရပ်လုံးကို အထင်မှားရ်ျ မစော်ကားမိစေနှင့်....
အရာရာတိုင်းမှာ လူသာလျှင် ပဓာနဖြစ်သလို လူတွေကို ကြံစည် ပြောဆို လုပ်ကိုင်စေမှုတိုင်းဟာ
လူကို ဦးစီးထားတဲ့ စိတ်ကြောင့်ဆိုတာ သင်နားလည်ပါ....
ကျွန်မတို့ နေ့စဉ်ကြုံတွေ့နေရတဲ့ ကိစ္စအတော်များများဟာ လူတစ်ဦးတစ်ယောက်ချင်းတိုင်းရဲ့
စိတ်နဲ့သာ သက်ဆိုင်ပါတယ်....
ဥပမာ- သင်စီးလာတဲ့ Taxi မောင်းသူ ကားသမားက သင့်ကို မချေမငံဆက်ဆံလိုက်သလား
ဒါဟာ အဲ့ဒီလူနဲ့သာ ဆိုင်ပါတယ်
Taxi ကားသမား အကုန်လုံးက အဆိုးတွေချည်း မဟုတ်ပါဘူး....
ဥပမာ- သင် အလုပ်မှာ တွေ့ကြုံဆက်ဆံရတဲ့ သူဌေးက သင်နဲ့ အဆင် မပြေဘူးလား သင့်အပေါ်မကောင်းဘူးလား
သင့် အလုပ်ရှင် သူဌေးက (တရုတ်ဖြစ်ဖြစ် ၊ကုလားဖြစ်ဖြစ်၊ ဗမာဖြစ်ဖြစ်၊ နိုင်ငံခြားသား ဘာလူမျိုးဖြစ်ဖြစ်ပေါ့) သူမကောင်းတာ သူတစ်ယောက်နဲ့သာဆိုင်တယ် တရုတ်သူဌေးတွေ မကောင်းဘူး ကုလားသူဌေးတွေ မကောင်းဘူး နိုင်ငံခြားသားတွေ မကောင်းဘူး စသဖြင့် လူမျိုးအစွဲထားပြီး တရုတ်သူဌေးတွေဆို ကြောက်တယ်တို့ ကုလားသူဌေးတွေနဲ့ဆို လုံး၀ မလုပ်လိုဘူးတို့ ဆိုတဲ့ စိတ်အစွဲတွေဟာ ကိုယ့်မှာ အတွေးမှန် အမြင်မှန် မရှိဘူးဆိုတာကို လူတွေသိအောင် ချပြလိုက်တာနဲ့ အတူတူပါဘဲ...
ကိုယ့်မှာ အတွေးအခေါ်တွေ လိုနေသေးတယ်ဆိုတာ ကိုယ်မရင့်ကျက်သေးဘူးဆိုတာ ကိုယ့်မှာ ဘ၀ရပ်တည်ဖို့ အသိပညာတွေ လိုသေးတယ်ဆိုတာကို ချပြလိုက်တာနဲ့ အတူတူပါဘဲ....
ဘာလို့ ဒီလိုပြောရသလဲဆိုတော့ တွေးကြည့်ပါ ကမ္ဘာမှာ အချမ်းသာဆုံးနဲ့ စီးပွားအလုပ်နိုင်ဆုံးက တရုတ်နဲ့ ကုလားပါ...
လက်ရှိချိန်မှာ အမေရိကန်တွေ အဂ်လိပ်တွေတောင် လိုက်မမှီနိုင်အောင် စီးပွားတွေ လုပ်နိုင်နေတာ တရုတ်နဲ့ ကုလားပါ....
နောက်တစ်ခုက ကမ္ဘာအရပ်ရပ်မှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေမှာ လူမျိုးဘာသာပေါင်းစုံက ၀န်ထမ်းအဖြစ် ၀င်ရောက်လုပ်ကိုင်နေရသလို မြန်မာတွေ ဒူဘိုင်း ကာတာလို ကုလားတိုင်းပြည်တွေမှာ နှစ်ရှည်လများ ၀န်ထမ်းအဖြစ်လုပ်နေကြတာတပုံကြီးမလား...
ဆော်ဒီလို နိုင်ငံတွေမှာတောင် မြန်မာလုပ်သားတွေရှိနေကြမလား ဒါဆိုရင် ကုလားသူဌေးတွေ မကောင်းဘူးလို့ ပြောရမလားတွေးကြည့်ပေါ့ အနီးစပ်ဆုံး မလေးရှားလို ကုလားတိုင်းပြည်မှာကော မြန်မာတွေ ၀န်ထမ်းသွားလုပ်နေတာမလား....
ထိုသူတွေက ကုလားသူဌေးတွေဆို ဝေးဝေးရှောင်ကြလို့ ပြောဖြစ်ကြသလား....
စာရေးသူအနေနဲ့တော့....
ဒူဘိုင်းက ပြန်လာသူမြန်မာ အတော်များများကော လက်ရှိမှာ နှစ်ရှည် လုပ်နေသူတွေရောက ကုလားသူဌေးတွေကို စိတ်ပျက်တယ် ရှောင်ပါလို့ ပြောသံမကြားခဲ့ရဘူး ....
စာရေးသူ ကိုယ်တိုင်ကလည်း ၀န်ထမ်းဘ၀က တရုတ်သူဌေးကော ကုလားသူဌေးကော ဗမာသူဌေးကော သူဌေးမျိုးစုံ ဆီမှာအလုပ်လုပ်ဖူးသူပါဘဲ...
ကြုံဖူးပါတယ် ကုလားသူဌေး စိတ်နှလုံးသားကောင်းမှကောင်း ထောက်ပံ့ပေးလိုစိတ် ကူညီလိုစိတ် ကောင်းမှ ကောင်းမို့ ကုလားသူဌေးကိုလည်း လေးစားခဲ့ဖူးပါတယ်....
တရုတ်တွေ မကောင်းဘူးလား ဒါဆိုရင် တရုတ်ပြည်မှာ အလုပ်လုပ်နေသူတွေ မြန်မာတွေအများကြီးမလား စင်ကပူ မလေးရှားလို နိုင်ငံတွေမှာကော တရုတ်သွေးစပ်နေတဲ့ သူဌေးတွေချည်းများတာကို သင်သတိထားမိသလား လက်ရှိ မြန်မာပြည်မှာကော တရုတ်သွေးမစပ်တဲ့ လုပ်ငန်းရှင်ဆိုတာ ခပ်ရှားရှားဘဲမလား ..ဒါဆိုရင်ကော တရုတ်သူဌေးတွေဆို ရှောင်တယ်လို့ တရုတ်နိုင်ငံမှာ အလုပ်လုပ်နေကြသူတွေ စင်ကပူမှာ အလုပ်လုပ်နေကြသူတွေ မလေးရှားမှာ အလုပ်လုပ်နေတဲ့လူတွေ ဒီလူပေါင်းများစွာက ပြောဖြစ်သလား တရုတ်သူဌေးတွေ မကောင်းဘူးလို့ ပြိုင်တူပြောဖြစ်ကြသလား.....
စာရေးသူ ကြုံဖူးတဲ့ လုပ်ငန်းရှင်သူဌေး ဟောင်ကောင်တရုတ်ကတော့ သဘောကောင်းချက်က လွန်တယ် ကိုယ်အလုပ်မနားရင် အတင်းနားခိုင်းတယ် စားစရာတွေ ၀ယ်ပေးရင် ကိုယ်ကငြင်းတယ် မယူရင်ကို ခင်ဗျားမယူချင်လည်း ခင်ဗျားအမေကို ကျုပ်ပေးတယ် သဘောထားလိုက် ဆိုပြီး လူကြီးကို ကျွန်တော်က လက်ဆောင်ပေးတာမို့ ယူသွားပါလို့ အတင်းပေးသေးတာ...
အတွေးအခေါ်ကောင်းတွေ ရအောင်ကို သူတို့ တရုတ်ရိုးရာ အယူအဆတွေနဲ့ သင်ပေးသေးတာမို့ စာရေးသူရဲ့ဘ၀မှာ တရုတ်သူဌေးတစ်ယောက်ကိုလည်း လေးစားခဲ့ဖူးပါတယ်...
ဒီအတွက်ပြောချင်တာရှိပါတယ်....
တကယ်တော့ လောကမှာ ကောင်းတာနဲ့ မကောင်းတာ ဆိုတဲ့အချက်က
ဒွန်တွဲ တည်ရှိနေတာမို့ အရာရာမှာလည်း ကောင်းတာနဲ့ မကောင်းတာရှိတယ်
လူတိုင်းမှာလည်း ကောင်းတာနဲ့ မကောင်းတာရှိတယ်
လုပ်ငန်းရှင်တိုင်းမှာလည်း ကောင်းတာနဲ့ မကောင်းတာရှိတယ်
အလုပ်ခွင်တိုင်းမှာလည်း ကောင်းတာနဲ့ မကောင်းတာရှိလိမ့်မယ်...
သင်ကိုယ်တိုင်တောင် ကောင်းတာကို လုပ်မိတဲ့အခါရှိသလို
မကောင်းတာကို လုပ်မိတဲ့အခါရှိတာကို သတိပြုကြည့်လိုက်ပါ...
ဒီအတွက် သင်နားလည်ထားသင့်တာက ဘာသာရယ် လူမျိုးရယ် ပတ်၀န်းကျင်ရယ် အဖွဲ့အစည်းရယ်ဆိုတဲ့ အရာတွေက အမှားတွေကို ကျူးလွန်နေတာ မဟုတ်သလို ထိုအရာတွေ အားလုံးဟာ လူတွေစုပေါင်းပါ၀င်နေတဲ့ အသိုက်အ၀န်းတွေဖြစ်လို့ လူတစ်ဦးတစ်ယောက်ရဲ့ အမှား အဆိုး အပြစ်တွေအတွက်ထို ဘာသာ လူမျိုး အဖွဲ့အစည်း ပတ်၀န်းကျင်ကို သိမ်းကျုံးပြီး အပြစ်မြင်မယ် မကောင်းမြင် ဝါဒထားရှိမယ်ဆိုရင်....
သင့်လက်ကို သင်ပြန်ကြည့်လိုက်ပါ လက်ငါးချောင်းက အတိုအရှည်ညီရဲ့လားဆိုတာ....
သင့်စိတ်ကို သင်ပြန်ကြည့်ပါ စက္ကန့်တိုင်း နာရီတိုင်း သင့်စိတ်က တူညီရဲ့လားဆိုတာ...
သင့်စိတ်ကိုတောင် သင်ကိုယ်တိုင် အစိုးရရဲ့လားဆိုတာ..
ဒီအတွက် ကိုယ်ကြုံဖူးတာ တစ်ခုက အဆိုးဖြစ်နေရင်
အဲ့ဒီအဆိုးအတွက် လူအားလုံးကို ရောမသိမ်းနဲ့...
ပတ်၀န်းကျင် အားလုံးကို ရောမသိမ်းနဲ့.....
အဖွဲ့အစည်းအားလုံးကို ရောမသိမ်းနဲ့....
ဘာသာအားလုံးကို ရောမသိမ်းနဲ့....
လူမျိုးအားလုံးကို ရောမသိမ်းနဲ့.....
အားလုံးကို သိမ်းကျုံးပြီး မကောင်းဘူးဆိုတဲ့ စိတ်အစွဲရှိလာတဲ့အခါ သင့်မှာ Optimism လို့ခေါ်တဲ့ အကောင်းမြင်ဝါဒတွေ ပျောက်ဆုံးပြီး အရာရာကို Negative Attitude တွေ Negative Perception တွေနဲ့သာ ကြည့်တတ် မြင်တတ် သဘောထားတတ်လာမယ်
ဒီအခါမှာ လူအချင်းချင်း ခွဲခြားဆက်ဆံတာ ဘာသာအချင်းချင်း ခွဲခြားဆက်ဆံတာ လူမျိုးအချင်းချင်း ခွဲခြား ဆက်ဆံတာမျိုးတွေဟာ သင့်အကျင့်လိုဖြစ်လာပါလိမ့်မယ်.....
ဒါဆိုရင် သင်ဟာ လက်ရှိအချိန်မှာ ကမ္ဘာကြီးက လက်မခံတဲ့ Discrimination (ခွဲခြားဆက်ဆံခြင်း) ဆိုတဲ့ ပြစ်မှုကို အလိုလို ကျူးလွန်နေသူတစ်ယောက်ဖြစ်လာပါလိမ့်မယ်.....
ဒီအကျိုးဆက်က သင်ဟာ အမြင်ကျဉ်းသူတစ်ယောက်ဖြစ်လာပါလိမ့်မယ် လူမှုဆက်ဆံရေး ညံ့ဖျင်းသူ လူကို လူလို မမြင်တတ်သူ ခွဲခြားလိုတဲ့ စိတ်ကြောင့် အများနဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းသူ စတာတွေကို သင့်မှာ တွေ့ရှိရတဲ့ အတွက် ပညာ စကားရပ်တွေနဲ့ ပြောရရင် သင်ဟာ အဖွဲ့အစည်းတစ်ခုမှာ ဖြစ်ဖြစ် လူမှုအသိုင်းအဝိုင်းမှာ ဖြစ်ဖြစ် Interpersonal Skills လို့ခေါ်တဲ့ ( လူမှုဆက်ဆံရေး) ညံ့ဖျင်းသူ (EQ) လို့ခေါ်တဲ့ (နှလုံးရည်) ညံ့သူ တစ်ယောက်အဖြစ် မှတ်ကျောက်တင် ခံရနိုင်ပါတယ်....
ဒီအတွက် သင့်လုပ်ငန်းခွင်တွေမှာ သင်အောင်မြင် ပျော်ရွှင်ဖို့နဲ့ ဘ၀တစ်လျှောက်လုံး ရေရှည်အောင်မြင်ဖို့ အတွက် (အနှုတ်လက္ခဏာ) တွေပြလာပါလိမ့်မယ်.. သင့်အတွက် အလုပ်အကိုင်ရှားပါးလာလိမ့်မယ်....
သင့်အတွက် လူမှုအသိုင်းအဝိုင်း အဆက်အသွယ် ကျဉ်းမြောင်းလာလိမ့်မယ် နေရာအတော်များများမှာ သင့်အတွက် အဆင်မပြေမှုတွေ ဖြစ်လာပါလိမ့်မယ်...
သင်ကိုယ်တိုင် ကိုယ့်ဘ၀ကို အလိုမကျမှုတွေ လူတွေကို အလိုမကျမှုတွေ အတူ မလိုလားတဲ့ Stress တွေနဲ့ မွန်းကြပ်နေတတ်ပါတယ်...
ငါဘာလုပ်လုပ် အဆင်မပြေ ဘယ်သွားသွား အဆင်မပြေ ဘယ်သူနဲ့ဖြစ်ဖြစ် အဆင်မပြေ ဘယ်လုပ်ငန်းခွင်ရောက်ရောက် အဆင်မပြေဆိုတာမျိုးတွေခံစားလာရတတ်ပါတယ်....
ဒီအတွက် ဒီစာကို ဖတ်ပြီးရင်တော့ စာရေးသူရဲ့ အကြံပေးချက်အတိုင်း ကျင့်သုံးကြည့်ပါ ရောက်နေတဲ့ လုပ်ငန်းခွင် အဆင်မပြေဘူးလား ဒါဟာ ဒီ Organization ကမကောင်းတာပါ ကောင်းမွန်တဲ့ Organization တွေ အများကြီးရှိနေသေးတယ်ဆိုတာ သင်ယုံကြည်ပါ...
သင်လက်ရှိလုပ်နေတဲ့အလုပ်က သူဌေးက မကောင်းဘူးလို့ သင်ခံစားနေရသလား သူက တရုတ်လား ကုလားလား ဗမာလား ဘာလူမျိုးဖြစ်ဖြစ် သူမကောင်းတာက သူနဲ့သာဆိုင်တယ် တခြား တရုတ် ကုလား ဗမာ စတဲ့ ဘယ်လိုမျိုး သူဌေးဖြစ်ဖြစ်ပါ စိတ်ကောင်း နှလုံးကောင်းရှိတဲ့ သူဌေးတွေ သင့်ကို တန်ဖိုးထားဆက်ဆံမယ့် သူဌေးတွေ သင့်ကို စောင့်နေတယ် ဆိုတာ သင့်ကိုသင် ယုံကြည်လိုက်ပါ....
ကိုယ် မပျော်ရွှင်တဲ့ စိတ်မချမ်းသာတဲ့ ပတ်၀န်းကျင်တစ်ခုကို စွန့်ခွာလိုက်ရင် ကိုယ့်ကို စိတ်ချမ်းသာ ပျော်ရွှင်စေမယ့် ပတ်၀န်းကျင်ကောင်း တစ်ခုက ကိုယ့်ကို ကြိုဆိုနေမယ်ဆိုတာကို သင့်ကိုယ်သင် ယုံကြည်လိုက်ပါ...
လက်ရှိဖြစ်နေတဲ့ အခြေအနေဆိုး တစ်ခုကို အစွဲမထားဘဲ လူမျိုး ဘာသာ ဘယ်အရာကိုမှ အစွဲမထားဘဲ ကိုယ့်အတွက် ကောင်းမွန်တဲ့ အခြေအနေတစ်ခုကို ရဖို့ အကောင်းဆုံးလုပ်ဆောင်ရင်း သင့်အတွေး သင့်အမြင်တွေကို ကျယ်ကျယ်ထားပြီး လောကကြီးကို အကျယ်ကြီးမြင်အောင် သင်ကြည့်လိုက်စမ်းပါ......
သင်ဟာ ခေတ်ပညာတတ် တစ်ယောက်ဆိုရင် ရွာကြီးလို ဖြစ်လာတဲ့ ကမ္ဘာကြီးမှာ ခွဲခြားဆက်ဆံမှုတွေဟာ အဆင်မပြေတော့တဲ့ အခြေအနေကို သင်ကောင်းကောင်း နားလည်ထားရမှာဖြစ်ပါတယ်....
အလုပ်လုပ်တဲ့အခါ တရုတ် ကုလား လူမျိုးဘာသာ ကျားမ စတဲ့ ခွဲခြားမှုတွေက အဆင်မပြောတော့တာကို သင်နားလည်ထားမှ သင့်အတွက် Social Networking ကောင်းတွေကို သင်တည်ဆောက်နိုင်ပြီး သင်ဟာ အောင်မြင်ပျော်ရွှင်တဲ့ ဘ၀ကို ရေရှည်ပိုင်ဆိုင်ထားနိုင် သူတစ်ယောက် ဖြစ်လာပါလိမ့်မယ်လို့ စာရေးသူက ရဲရဲကြီး အာမခံပါတယ်....
ဒီလိုမှ မဟုတ်ရင်တော့ အကောင်းမြင်ဝါဒ မရှိခြင်းနဲ့ Negative Attitude ၊ Negative Perception တွေရဲ့ အကျိုးဆက်က သင့်ဘ၀ရဲ့ တိုးတက်အောင်မြင်ရေးတွေကို တစ်ရစ်ချင်း အနှုတ်လက္ခဏာတွေ ပြသွားလိမ့်မယ်ဆိုတာ သင်တဖြေးဖြေးချင်း သိလာပါလိမ့်မယ်.....
ဒီအတွက် ဒီနေ့က စပြီး အရာရာကို (အကောင်းမြင်ဝါဒ)လေး လက်ကိုင်ထားလိုက်ပါ.....
လူသားအားလုံးကို အောင်မြင်ပျော်ရွှင်စေလိုသော ဆန္ဒဖြင့်