Blogs

WELCOME TO BEST CHOICE!
"Best Choice ... for your successful life"
Daw Hanni Thaw

(Founder & CEO of Best Choice Professional Training)

Outstanding Expense and Accrued Expense

စာရင်းပညာအရ ပေးရန်ရှိစရိတ် ( Accrued Expense) ဆိုတာရှိတာကို စာရင်းပညာသင်ဖူးသူတိုင်း သိပါလိမ့်မယ်....

ထို စာရင်းသဘောနဲ့ ဆင်ဆင်တူတူတဲ့ Outstanding Expense ဆိုတာလည်းရှိနေတာကိုတော့ သိတဲ့သူရှိသလို မသိတဲ့သူလည်းရှိတာမို့ ဒီအကြောင်းလေးကို ဖော်ပြပေးလိုက်ပါတယ်...


What is the difference between an Outstanding Expense and Accrued Expense?

Outstanding Expense နဲ့ Accrued Expense ကဘာကွာသလဲ?


While both are similar, they are not quite the same.

ဒီ နှစ်မျိုးက ဆင်တူပေမယ့် လုံး၀ထပ်တူတော့ မကျဘူးလို့ ပြောရပါမယ်

While both these types of expenses have been incurred, the difference arises in when the payment is due.

နှစ်မျိုးစလုံးကတော့ စရိတ်အဖြစ် ဖြစ်ပေါ်ခဲ့ပေမယ့် Payment လုပ်ရမယ့်အချိန်ကာလမှာ ကွာသွားမယ့် သဘောရှိပါတယ်


#An_accrued expense indicates that an expense has been incurred but is NOT YET DUE for payment.

Accrued Expense တစ်ခုက စာရင်းရေးဆွဲမယ့်ကာလအတွင်းဖြစ်ပေါ်ခဲ့ပေမယ့် Payment အတွက် Due Date မပြည့်သေးတဲ့သဘောရှိပါမယ်......


#An_outstanding expense indicates that an expense has been incurred and is PAST DUE for payment.

Outstanding Expense တစ်ခုက စာရင်းရေးဆွဲမယ့်ကာလအတွင်းဖြစ်ပေါ်ခဲ့ပြီး Payment အတွက် Due Date ပြည့်ပြီးသား (သို့မဟုတ်) Due Date ကျော်လွန်ပြီးသားဖြစ်နေတဲ့ သဘောရှိပါမယ်.....


ဒီစာရင်းသဘောအတွက် ဂျာနယ်ရိုက်မယ်ဆိုရင်

Journal Entry of an Outstanding Expense

#Date #Description #Amt
MM/DD/YY Expense A/c (Debit $)
MM/DD/YY Outstanding Expense A/c (Credit $)

(Outstanding Expense အတွက် Balance Sheet ရဲ့Current Liabilities အောက်မှာ စာရင်းထည့်ပေးရမှာဖြစ်လို့ စာရင်းအသွားအလာကတော့ Accrued Expense နဲ့တူပါတယ်

နမူနာအားဖြင့် စရိတ်များကတော့ Salary / Wages/ Rent စတဲ့စရိတ်များကို လေ့လာကြည့်လို့ ရပါတယ်..တခြား စရိတ်များအတွက်လည်း Payment Due Date ကျော်လွန်သွားတဲ့ စရိတ်တွေ Bill တွေရှိရင်လည်း ဒီစာရင်းသဘောကို သုံးရပါမယ်..

စာရင်းပညာဖြင့် အသက်မွေးသူများအတွက် ဗဟုသုတ တိုးပွားစေရန် ရည်ရွယ်ပြီး Knowledge Share ခြင်းဖြစ်ပါတယ်...