ဒေါ်ဟန်နီသော်
(Founder & CEO of Best Choice Professional Training)
A story about the bad reputation of the HR field
HR လောကမှာ HR တာ၀န်ယူထားပြီး လုပ်ပုံ ကိုင်ပုံတွေ မဟုတ်လို့ နာမည်ပျက်များနဲ့ HR ဆိုရင်ကိုလူမုန်းများနေကြခြင်းရဲ့ အကြောင်းအရင်းများစွာ ရှိတဲ့ထဲကမှ အကြောင်းအရင်း တစ်ခုကို တွေ့မြင်မိတာကြာပါပြီ
ဘာလဲ ဆိုရင်တော့.... လက်ရှိမှာHR ရာထူးနဲ့ အလုပ်လုပ်နေပေမယ့် HR ဆိုင်ရာ သင်တန်း တစ်ခါမှ မတက်ရောက်ဖူးတဲ့ လူတွေရှိနေတာပါ...
ဒါက ဘာကို ဖော်ညွှန်းနေသလဲ ဆိုရင် HR ပညာရပ်အကြောင်း တစ်လုံးတစ်ပါဒမျှ လေ့လာသင်ယူဖူးခြင်းမရှိဘဲ ... HR ပညာရဲ့ သဘောသဘာ၀တွေ သီအိုရီတွေ လုပ်ထုံး လုပ်နည်းတွေကို ဘာမှ မသိဘဲ HR ရာထူးနဲ့ အလုပ်တာ၀န်ကို ယူထားကြသူတွေ ဖြစ်နေတယ်ဆိုတာကို အဖြေထွက်စေပါတယ်...
လိုတိုရှင်းလေး တစ်ခုဘဲ ပြောချင်ပါတယ်.... လူသားအရင်းအမြစ် စီမံခန့်ခွဲခြင်းပညာ (HR) စာရင်းနဲ့ ဘဏ္ဍာရေး စီမံခန့်ခွဲခြင်းပညာ (Accounting & Finance) စတဲ့အလုပ်ပုံစံတွေဟာ အမြင်နဲ့တတ်တယ်ဆိုတာ မရှိဘူး..ရမ်းတုတ်နည်းလမ်းတွေနဲ့ စိတ်ထင်သလို လုပ်ရတာမျိုး မဟုတ်ကြပါဘူး...
စနစ်တကျ ကောင်းမွန်စွာ သင်ယူလေ့လာပြီးမှသာ သက်ဆိုင်ရာ ပညာရပ်ရဲ့ သဘောတရားနဲ့ သူ့ရဲ့ လုပ်ဆောင်ရမယ့် အလုပ်ပုံစံတွေကို တတ်မြောက်မှုရှိမှာဖြစ်ပြီး လုပ်ပါကြာလာမှသာ သီအိုရီနဲ့ လက်တွေ့ ယှဉ်တွဲကျင့်သုံးခြင်း အကြိမ်ရေ များလာမှသာ မိမိကိုယ်တိုင်ရဲ့ ကိုယ်ပိုင်အတွေးအခေါ်နဲ့ ကြုံလာရတဲ့ လုပ်ငန်းအတွေ့အကြုံပေါ်မှာမူတည်ပြီး ကျွမ်းကျင်သူအဆင့်ကိုရောက်နိုင်မှာဖြစ်ပါတယ်....
ဒီအတွက် တစ်ကြိမ်တစ်ခါမှ မသင်ယူဖူးတဲ့ ပညာရပ်အတွက် ရာထူးနေရာတွေကို အလုပ်ရပြီးရောစိတ်နဲ့ လုပ်သူတွေက လုပ်နေပြီး ဝန်ထမ်း ခန့်သူတွေဘက်ကလဲ ဘယ်လို အတွေးအခေါ်နဲ့ ခန့်ထားမှန်းမသိတဲ့ မြန်မာပြည်က လုပ်ငန်းတွေထဲမှာ HR နဲ့ပက်သက်ပြီး ပြသနာကများ မကောင်းသတင်းတွေကလှိုင်လှိုင်ထွက်နေပြီး ပညာရပ်အစစ်ကိုပါ ထိခိုက်စေမှု HR ပညာနဲ့ လုပ်ကိုင်နေသူ ကောင်းမွန်တဲ့ HR Professional ဆန်တဲ့ HR တွေကိုပါ ထိခိုက်မှုတွေ သက်ရောက်နေတဲ့အတွက် ဆင်ခြင်ကြ သုံးသပ်ကြ စေလိုပါတယ်..
HR ရာထူးနဲ့ အလုပ်လုပ်မယ့်သူများသည်လဲ ပညာရပ်သဘောကို စနစ်တကျ လေ့လာသင်ပြီးမှ HR ပညာနဲ့ အလုပ်လုပ်ကြဖို့နဲ့.. HR ပညာကို တစ်ကြိမ်တစ်ခါမှ မသင်ယူဖူးသေးသူ ပညာရပ်နဲ့ လုပ်ထုံးလုပ်နည်းများအကြောင်း ဘာဆို ဘာမှ သေချာမသိသူတွေကို HR ရာထူးပေးပြီး အလုပ်ခန့်ထားခြင်းသည်လဲ ဘာဓိပ္ပာယ်မှမရှိဘူးဆိုတာကိုနားလည်လက်ခံပြီး လူမှန် နေရာမှန်များဖြင့်သာ မိမိတို့လုပ်ငန်းတွင်းရာထူးများကို တတ်သိနားလည်သူ ကျွမ်းကျင်သူ ၀န်ထမ်းများဖြင့်သာခန့်အပ် လုပ်ဆောင်ချင်သော လုပ်ငန်းရှင်များဖြစ်ဖို့အရေး ရည်ရွယ်ပြီး ဒီစာကို ရေးသားပေးလိုက်ရပါတယ်ရှင်....
လူမှန် နေရာမှန် အလုပ်မှန်များဖြင့် ကောင်းမွန်သော လုပ်ငန်းခွင်များ ဖြစ်ထွန်း ပေါ်ပေါက်ရေးအတွက် စေတနာ ဆန္ဒများဖြင့်