Daw Hanni Thaw
(Founder & CEO of Best Choice Professional Training)

"အလုပ်လျှောက်ထားလိုသူ အားလုံးတို့အတွက် ကောင်းမွန်ထိရောက်သော CV Form ရေးသားနည်းများ"
What is CV/ Curriculum Vitae/Resume? (CV / Resume ဆိုတာ ဘာလဲ)
A CV (or) Resume is to provide a summary of your skills, abilities and accomplishments. It is a quick advertisement of who you are. It is a "snapshot" of you.
CV (or) Resume တစ်စောင်သည် သင့်ရဲ့ကျွမ်းကျင်မှုများ၊လုပ်ဆောင်နိုင်မှု စွမ်းရည်များ၊ ပြီးမြောက်မှုများကို ပေါင်းစည်းအနှစ်ချုပ်ထားခြင်းဖြစ်သည်။ တနည်းအားဖြင့် သင်သည်ဘယ်သူဖြစ်သည်ဟုကြော်ငြာခြင်းဖြစ်သည်။ သင့်အကြောင်းတွေကို အတိုချုံးပြခြင်း (သို့) ကိုယ်ရေးရာဇ၀င်အကျဉ်း လည်းဖြစ်သည်။
သာမန်အားဖြင့် CV/Curriculum Vitae ဟုအခေါ်များပြီး အမေရိကန်အခေါ်အရ Resume ဟုခေါ်သည်။ CV တစ်စောင်သည်အလုပ်တစ်ခုရရှိရန် ရည်ရွယ်ရေးသားတင်ပြခြင်းဖြစ်ရ်ျ မိမိ CV ကိုမြင်သည်နှင့် အင်တာဗျူးခေါ် ချင်အောင်ရေးသားနိုင်ပါက မိမိ CV သည် မိမိအလုပ်ရ၇ှိရန် (၅၀ %) ကျိန်းသေသည့်အရာတစ်ခုဖြစ်သည်ဟူရ်ျ ယူဆရေးသားသင့်သည်။
CV တစ်စောင်ကို ဖြစ်သလို မရေးသားသင့်ပါ
ကောင်းမွန်ထိရောက်သော CV တစ်စောင် ရေးသားရာတွင် သိရှိထားသင့်သည့်အချက်များ
- CV Form ကိုသာမန်အားဖြင့် A4 စာရွက် (၁)မျက်နှာမှ (၂)မျက်နှာထိသာ ရေးသားပြီး၊ အဆင့်မြင့်ရာထူးများနှင့်ကျွမ်းကျင်မှုအများအပြားရှိသူ များဖြစ်ပါက စာမျက်နှာ(၃)မျက်နှာထက်မပိုရ။
- ပုံမှန် Margin ကို(၁လက်မ)ခန့်ရွေးချယ်ရမည်။
- စာလုံး Font အရွယ်အစားကို (10) သို့မဟုတ် (12) point သာရွေးချယ်ရေးသားရမည်။
- စာလုံး Font Design ကို Standard Font များထက် ဆန်းပြားသော Font များနှင့်ရွေးချယ်ခြင်းမပြုသင့်။
- Font Color များဆန်းပြားစွာချယ်သထားခြင်းမပြုသင့်။
- စာလုံးပေါင်းနှင့်သဒ္ဒါမှန်ကန်မှုရှိရန်၊ပုဒ်ဖြတ်မှန်ကန်မှုရှိရန် အထူးဂရုစိုက်ရေးသားရမည်။CV Form များကို Surveyပြုလုပ်မှုရလဒ်အရ CV Form တွင်စာလုံးပေါင်း အမှားနှင့်လွဲမှားစွာရေးသားထားသော CV များကို အင်တာဗျူးအတွက် ပယ်ချခံရမှုရာခိုင်နှုန်းမှာ( 86%) ထိ ရှိကြောင်းလေ့လာတွေ့ရှိရသောကြောင့်ဖြစ်သည်။
- CV တွင်မိမိအရည်အချင်းနှင့်ကျွမ်းကျင်မှုများကို လိုရင်းတိုရှင်းနှင့် ထိရောက်အောင်ရေးသားတတ်ရမည်။
- ဖတ်ရှုသူ အလုပ်ရှင်အတွက် ရှင်းလင်းပြီး ဖတ်ရလွယ်အောင်ရေးသားနိုင်ဖို့လည်း အရေးကြီးပါသည်။
- ကိုယ်ရေးရာဇဝင်ကို မိမိလျှောက်ထားမည့် အလုပ်ရာထူးနှင့် သင့်လျော်အောင် ပြင်ဆင်ရေးသားရမည်။ လျှောက်ထားမည့် ရာထူးနှင့်် ကိုက်ညီသော အရည်အချင်း ၊ကျွမ်းကျင်မှုများနှင့် လုပ်သက်အတွေ့အကြုံ တို့ကို အလေးပေး ဖော်ပြရမည်။
- ကိုယ်ရေးရာဇဝင် ရေးသားပြီးလျှင် နောက်ဆုံးရေးသားပြီးသည့် စာမူကြမ်းကို စီစစ်ဖတ်ပေးမည့် လူကိုရှာပြီး ပြန်ဖတ်ခိုင်းပါ။အမှားအယွင်းများရှိလျှင်တွေ့ရှိနိုင်ရန် ပြန်စစ်ခိုင်းခြင်းဖြစ်သည်။
မှတ်ချက်။ ။CV တွင် မိမိဓာတ်ပုံထည့်မည်ဆိုပါက ဓာတ်ပုံ၏သက်ရောက်မှု သည် သင်အလုပ်ရခြင်း၊မရခြင်း၏ အဓိကအကြောင်းအရာဖြစ်လာနိုင်သည် ကိုသတိပြုပါ။အဘယ်ကြောင့်ဆိုသော် CV ပေါ်မှအခြားအချက်လက်များကို မကြည့်ခင် သင့်ဓာတ်ပုံကိုကြည့်၍ လစ်လပ်ရာထူးနှင့်လိုက်ဖက်သောသူမျိုး ဟုတ်မဟုတ်ကို တခါထဲဆုံးဖြတ်ပြီး အင်တာဗျူးခေါ်ဆိုရန် စာရင်းပယ် ထားခြင်းခံရနိုင်သောကြောင့်ဖြစ်သည်။ထို့ကြောင့် သင်အလုပ်ရခြင်း၊မရခြင်း သည် ဓာတ်ပုံနှင့်အများကြီးသက်ဆိုင်နေသဖြင့် ဖြစ်သလိုဓာတ်ပုံမျိုးနှင့် ကာလကြာပြီးသော ဓာတ်ပုံများကို အသုံးပြုခြင်းမပြုသင့်။လက်ရှိကာလ personality နှင့်ပုံများ၊သေသပ်စွာ စမတ်ကျနစွာ၀တ်စားဆင်ယင်ပြီးရိုက် ထားသော Passport Size အရွယ်အစားပုံကိုသာ အသုံးပြုရပါမည်။
CV ရေးသားရာတွင် အခြားသူများ၏ရေးသားပုံကို နမူနာယူမှီငြမ်းရေး သားနိုင်သော်လည်း တထပ်ထဲကူးယူ ဖော်ပြခြင်းမျိုး မည်သည့်အခါမှ မပြုလုပ်ပါနှင့်။မိမိ၏ အစစ်အမှန်တတ်မြောက်မှု တတ်ကျွမ်းမှုတို့ကိုသာ ပွင့်လင်း ရိုးသားစွာ ရေးသားဖော်ပြရန်အထူးလိုအပ်ပါသည်။
Step by Step Writing a CV
#Curriculum Vitae #CV #Resume
- Name
- Contact Information
- Address-
- Phone numbers-
- Email-
- Career Objective ဒီအလုပ်ကိုလျှောက်ထားရခြင်း ရည်ရွယ်ချက်မှာ ဘာဖြစ်တယ်ဆိုတာကိုရှင်းပြပါ။
- Personal Details ကိုယ်ရေးအချက်အလက်အကျဉ်းရေးပါ။
- Name-
- N.R.C (No)-
- Date of birth-
- Nationality-
- Race & Religious-
- Marital status-
- Education and qualifications ပညာရေးနှင့် အခြားတတ်မြောက်မှု အရည်အချင်းများ
- School, college, dates, etc.
- other qualifications
- Achievements လုပ်ငန်းအတွေ့အကြုံ မရှိ၇င် ထည့်ရေးသင့်သည့်အချက်များ
- Achievements need not be work-related, especially for young people with little work history.
Structure of an Achievement
An achievement consists of three components:
- Using a particular skill.
- Carrying out a particular activity.
- Getting a measurable / quantifiable result / benefit.
ဥပမာ : leadership
- teamwork
- creativity
- initiative
- problem-solving စသည်တို့ကို ထည့်ရေးရန်ဖြစ်သည်။
- Achievements need not be work-related, especially for young people with little work history.
- Technical Skills ကျွမ်းကျင်မှုများ
- Computer
- Languages
- Other Skills
- Career History (Working Experience) လုပ်ငန်းအတွေ့အကြုံ
job title/function/responsibilities - industry/sector-Period
- Position-
- Company Name-
- Period
အလုပ်အကိုင်အခွင့်အလမ်းကောင်းများရရှိပြီး အောင်မြင်ပျော်ရွှင်သောဘ၀များကို ပိုင်ဆိုင်နိုင်ပါစေရှင်.....