Blogs

WELCOME TO BEST CHOICE!
"Best Choice ... for your successful life"
Daw Hanni Thaw

(Founder & CEO of Best Choice Professional Training)

Bookkeeping VS Accounting: What's the difference ?

စာရင်းကိုင်ပညာဖြင့်အသက်မွေး၀မ်းကြောင်းမည့်သူများဗဟုသုတတိုးပွားစေရန် ရည်ရွယ်ပြီး Bookkeeper ဆိုတာဘာလဲ Accountant ဆိုတာဘာလဲ ဒီ(၂မျိုး)ဟာ ဘယ်လိုကွဲပြားမှုရှိသလဲဆိုတာကို ရှင်းပြပေးချင်ပါတယ်...

Bookkeeper နဲ့ Accountant အကြောင်းကို ပြောဖို့အတွက်ဆိုရင် ပထမဆုံး Bookkeeper ဆိုတာ Bookkeeping ပညာကိုအသုံးချပြီး အလုပ်လုပ်ကိုင်သူဖြစ်ကြောင်းနဲ့ Accountant ဆိုတာ Accounting ပညာကို အသုံးချပြီး အလုပ်လုပ်ကိုင်သူဖြစ်ကြောင်းကို စပြောရမယ်ထင်ပါတယ်...

အဲ့နောက်ကမှ Bookkeeping ဆိုတာဘာလဲ ဘာတွေလုပ်ရတာလဲ...

Accounting ဆိုတာဘာလဲ ဘာတွေလုပ်ရတာလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်...

What is Bookkeeping? (Bookkeeping ဆိုတာဘာလဲ?) Bookkeeping (စာရင်းရေးပညာ) Definition of Bookkeeping (စာရင်းရေးပညာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်) Bookkeeping is the process of recording, in chronological order, the daily transactions of a business entity and it forms part of the accounting information system.

စာရင်းရေးပညာသည် စီးပွားရေး လုပ်ငန်းတစ်ခု၏ နေ့စဉ်လုပ်ဆောင်ချက်များကို မှတ်တမ်းများတွင် မှတ်တမ်းတင် ရေးသွင်းသည့် ပညာရပ်ဖြစ်ပြီး စာရင်းပညာဆိုင်ရာ သတင်းအချက်အလက် နည်းစနစ်၏ အစိတ်အပိုင်း တခုဖြစ်သည်။

What is Accounting?(Accounting ဆိုတာဘာလဲ?)

Accounting (စာရင်းကိုင် ပညာ)

Definition of Accounting (စာရင်းကိုင်ပညာ၏ အဓိပ္ပာယ်ဖွင့်ဆိုချက်)

Accounting is an information system – includes the process of recording, classifying, summarizing, reporting, analyzing and interpreting the financial condition and performance of a business – in order to communicate it to stakeholders for business decision making.

စာရင်းကိုင်ပညာ ဆိုသည်မှာ စီးပွားရေးလုပ်ငန်းတစ်ခု၏ လုပ်ဆောင်ချက်များနှင့် ဘဏ္ဍာရေးဆိုင်ရာ အခြေ အနေများကို မှတ်တမ်းတင်ခြင်း၊အမျိုးအစားခွဲခြင်း၊အနှစ်ချုပ်ခြင်း၊တင်ပြခြင်း၊ခွဲခြမ်းစိတ်ဖြာလေ့လာသုံးသပ်ခြင်း၊ အဓိပ္ပာယ်ပြန်ဆိုခြင်းများဖြင့် အစုရှယ်ရှာ၀င်များ အချင်းချင်းဆက်သွယ်ရ်ျ စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များပြုလုပ် နိုင်ရန်အတွက် သတင်းအချက်အလက် နည်းပညာတခု ဖြစ်ပါသည်။

အထက်ဖော်ပြပါ Bookkeeping နဲ့ Accounting တို့ရဲ့အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ တနည်းအားဖြင့် သူတို့အသီးသီးရဲ့ လုပ်ဆောင်ချက်ပုံစံတွေကို သိရှိပြီးသွားပြီဆိုရင်တော့ Bookkeeping ပညာနဲ့အလုပ်လုပ်ရင် ဘယ်လိုပုံစံAccounting ပညာနဲ့ အလုပ်လုပ်ရင် ဘယ်လိုပုံစံရှိမယ် ဆိုတာလေးကို တီးမိခေါက်မိရှိလာမယ်ထင်ပါတယ်။

ဒါထက်ပိုပြီး ရှင်းလင်းတိကျစွာပြောပြပေးရမယ်ဆိုရင်တော့... Purposes of Accounting (စာရင်းကိုင်ပညာ၏ ရည်ရွယ်ချက်များ)ကို လေ့လာကြည့်မိတဲ့အခါမှာ...

စီးပွားရေးလုပ်ငန်းဆောင်ရွက်ချက်များကို စာရင်းမှတ်တမ်းများတွင် စနစ်တကျ ရေးသွင်းမှတ်တမ်းတင်တတ်ရန်နှင့်စာရင်းကာလ (Accounting Period) တစ်ခုအတွင်း မည်မျှ မြတ်မည်၊ရှုံးမည်၊ ရရန် ၊ပေးရန်နှင့် လုပ်ငန်း ၏ပိုင်ဆိုင်မှု ရင်းနှီးငွေမည်မျှရှိသည် တနည်းအားဖြင့် လုပ်ငန်း၏ ဘဏ္ဍာရေးအခြေအနေများကို ဖော်ပြသည့် စာရင်းရှင်းတမ်းများကို (Financial Statements) များရေးဆွဲထုတ်ပြန်နိုင်ရန် အဓိကရည်ရွယ်ခြင်းဖြစ်ပါသည် ဟူရ်ျလေ့လာသိရှိလိုက်ရတဲ့အခါမှာတော့ စာရင်းကိုင်တစ်ယောက်ဆိုတာ စာရင်းကိုင်ပညာရဲ့ရည်ရွယ်ချက်တွေကို အောင်မြင်အောင်လုပ်ဆောင်ပေး နိုင်ရင် Accountant လို့ သတ်မှတ်ခံရမှာဖြစ်ပြီး လုပ်ငန်းတစ်ခုရဲ့ဘဏ္ဍာရေး ရှင်းတမ်းများထွက်ပေါ်လာသည်အထိ တာ၀န်ခံလုပ်ကိုင်ရခြင်းမရှိဘဲနေ့စဉ်မှတ်တမ်းရေးသွင်းခြင်းလုပ်ငန်းစဉ်များကိုသာ လုပ်ကိုင်နေရသည့်သူများကို Assistant Accountant (or) Bookkeeper များဟုသာ သတ်မှတ်ခေါ်တွင်ရမည်သာဖြစ်ပါသည်။

An Accountant (စာရင်းကိုင် တစ်ဦး)ဟာလုပ်ငန်းရဲ့ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲသည့်အခါမှာလည်းအောက်ဖော်ပြပါ စာရင်းစည်းမျဉ်းများ နည်းစနစ်များနှင့်အညီရေးဆွဲ ထုတ်ပြန်နိုင်ရမှာဖြစ်ကြောင်း အတိအလင်းကန့်သတ်ထားချက်ကို သိရှိလိုက်နာရပြန်ပါသည်။ ထို့ကြောင့်ပင် Bookkeeper တစ်ယောက်နှင့်Accountant တစ်ယောက်ရဲ့ လုပ်ဆောင်ချက်များနှင့်တာ၀န်များကို ကွဲပြားစွာမြင်တွေ့ရမှာဖြစ်ပြီး Bookkeeper နှင့် Accountant မတူကြောင်းကိုသိမြင်လာပါလိမ့်မည်။

အောက်ပါစာပိုဒ်သည် စာရင်းကိုင်တစ်ယောက် ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲသည့်အခါ GAAP System ဟုခေါ်သော နိုင်ငံတကာမှအတည်ပြုလက်ခံကျင့်သုံးသောစာရင်းစည်းမျဉ်းများအတိုင်းရေးဆွဲရမှာဖြစ်ကြောင်းကို ကန့်သတ်ထားခြင်းဖြစ်ပါသည်။ယခုနောက်ပိုင်းတွင် စီးပွားရေးလုပ်ငန်းများ၏ Globalize ဖြစ်လာမှုကြောင့် Accounting Harmonization ဖြစ်စေရန် ထပ်မံကျင့်သုံးနေသည့် Accounting System မှာ IFRS ဖြစ်ပြီး GAAP ကို upgrade လုပ်ထားခြင်းဖြစ်သည်.

မြန်မာနိုင်ငံသည်လည်း IFRS System ကိုကျင့်သုံးသော နိုင်ငံဖြစ်သည်

These financial reports must be prepared in accordance with generally accepted accounting principles often referred to as GAAP or US GAAP. This part of accounting is referred to as financial accounting.

အောက်ပါစာပိုဒ်သည် စာရင်းကိုင်တစ်ယောက်ဟာ Bookkeeping များ ဘက်မှ ကဏ္ဍပြီးဆုံးပါမှ Accounting ကဏ္ဍကိုစတင်လုပ်ကိုင်ရကြောင်းနှင့် စာရင်းကိုင်များဟာ Accrual Basic of Accounting နည်းစနစ်အရ ဘဏ္ဍာရေးရှင်းတမ်းများရေးဆွဲထုတ်ပြန်ရတာဖြစ်လို့ လိုအပ်တဲ့ Adjusting Entries တွေကို ပြန်လည်ပြုလုပ်ရသေးကြောင်းကို အတိအလင်းဖော်ပြထားပြီး ထိုကဲ့သို့ စာရင်းညှိုနှိုင်းချက်များပြုလုပ်ပြီးမှ ညီမျှခြင်းစာရင်းပုံစံတခု ဖြင့်(တနည်းဆိုရလျှင်)စာရင်းကိုင်တိုင်းသိထားသော Balance Sheet ကိုက်ညီသော ပုံစံဖြင့် ဘဏ္ဍာရေးရှင်းတမ်းများကို ရေးဆွဲထုတ်ပြန်ပေးရသည်ဟု ဆိုလိုခြင်းဖြစ်သည်။

After locating and correcting the errors the bookkeeping phase was completed and the accounting phase began. It began with an accountant preparing adjusting entries so that the accounts reflected the accrual basis of accounting. After all of the adjustments were made, the accountant presented the adjusted account balances in the form of financial statements.

ညှိနှိုင်းချက်စာရင်းများဟာ ဘယ်လိုအချက်မျိုးတွေကြောင့် ပြုလုပ်ရတယ်ဆို တာကိုတော့ အောက်ပါအတိုင်း လေ့လာနိုင်ကြပါလိမ့်မယ်...

Adjusting entries were necessary for the following reasons:

  • additional revenues and assets may have been earned but were not recorded
  • additional expenses and liabilities may have been incurred but were not recorded
  • some of the amounts that had been recorded by the bookkeeper may have been prepayments which are no longer prepaid
  • depreciation and other non-routine adjustments needed to be computed and recorded

အထက်ပါအကြောင်းများကို လေ့လာသုံးသပ်ကြည့်ပါက စာရင်းရေးပညာနှင့် လုပ်ငန်းခွင်တွင်လုပ်ကိုင်နေကြသူများမှာ Accountant များဟုအလွယ်တကူသတ်မှတ်ခေါ်တွင်ကြသော်လည်း တကယ်တမ်းမှာ Bookkeeper (Assistant Accountant ) များသာဖြစ်ပြီး Accounting ပညာရပ်နှင့် စာရင်း စည်းမျဉ်းများအတိုင်း ဘဏ္ဍာရေးရှင်းတမ်းများထုတ်ပြန်နိုင်တဲ့အထိ အပြည့်အစုံတာ၀န်ယူ လုပ်ကိုင်နိုင်သူများကိုသာ Accountant ဟု သတ်မှတ်ခေါ်တွင်ရမည်ဖြစ်ကြောင်း Bookkeeper နှင့် Accountant တမူကွဲပြားကြောင်းကို ဗဟုသုတအဖြစ်သိရှိပြီး အောင်မြင်သော ထူးချွန်သော Accountant များအဖြစ် ရပ်တည်နိုင်ကြစေရန် ရည်ရွယ်ရ်ျ က်ျစာစုအား ရေးသားဖော်ပြပေးလိုက်ခြင်းဖြစ်ပါသည်။

အားလုံးပဲ အောင်မြင်ပျော်ရွှင်သောဘ၀များကို ပိုင်ဆိုင်နိုင်ကြပါစေ...